Friday, April 19, 2013

မိတ္ထီလာမြို့နယ် ရွှေဆိုင် အမှူ့

မိတ္ထီလာမြို့နယ် ရွှေဆိုင် အမှူ့မှာရွှေဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ဦးထွန်းထွန်းဦး ကို ပုဒ်မ ၃၈၂ အရထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်းအလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် ၊ အလုပ်သမား ညီညီ ကိုလဲ ပုဒ်မ ၃၈၂ အရထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် ၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေး ကို ပုဒ်မ ၃၈၂ အရထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ /၁၁၄ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ /၁၁၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အရအမိန့်ချခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြခဲ့ကြပါတယ် ။
အဲဒီမှာကျနော် ဘဝင်မကျတာက မည်သည့် ဥပဒေအရ ဆိုပြီးတိတိပပ ဖော်ပြထားခြင်း မရှိတာပါ ။ ပုဒ်မ ၃၂၅ ၊ ပုဒ်မ ၃၂၄ ၊ပုဒ်မ ၃၂၅ /၁၁၄ ၊ ပုဒ်မ ၃၂၄ /၁၁၄ ဆိုတာကတော့ အဖြစ်ပျက် နဲ့ ( ဖြည့်တွေးကြည့်တဲ့အခါ) ဖြည့်တွေးကြည့်တဲ့အခါ ပြစ်မှူ့ဆိုင်ရာဥပဒေ ဆိုပြီးဆက်စက် တွေးလို့ရနိုင်ပေမဲ့ ပုဒ်မ ၃၈၂ ကတော့ လုံးဝလုံးဝကိုတွေးလို့မရတာပါ။ ဆိုင်မှမဆိုင်တာကိုးဗျ။ ဥပဒေ ဆိုတာ အမျိုးအမည် ပေါင်း တစ်သောင်းခြောက်ထောင် မကထွေပြားများပြလှတဲ့ အချိန်ခါမှာ ဘယ် ဥပဒေရဲ့ ပုဒ်မ ပါဆိုပြီး မဖော်ပြတာဟာ အများပြည်သူကို နားမလည် စေချင် လို့များပေလား ဗျာ။
ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ပုဒ်မ ၃၂၄ က ဘေးဖြစ်စေတက်သော လက်နက်ဖြင့် တပါးသူကိုနာကျင်စေမှူ့ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်က ၃ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ကိုဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ၊ဒဏ် နှစ် ရပ်လုံး ဖြစ်စေ ချမှတ်ရပါ မည် ။ဒီပုဒ်မက ထောင်ဒဏ်ပဲချချ၊ ငွေဒဏ်ပဲချချ ၊၂ ခုစလုံးဘဲချချ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ်ကို လျှော့ ချလဲရပါတယ်။ ပုဒ်မ ၃၂၅ ကတော့ အပြင်းထန်နာကျင် စေမှူ့ ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်က ၇ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ကို ချမှတ်ရမည့်အပြင် ငွေဒဏ်လဲ ချမှတ်နိုင်ပါသည်။ ထောင်ဒဏ်တော့ချကိုချရမည် ။ချမဲ့ နှစ် ကတော့ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ်ကို လျှော့ ချလဲရပါတယ် ။ ငွေဒဏ်ကိုပါတွဲ၍ ချမှတ်နိုင်ပါတယ်။ ပုဒ်မ ၁၁၄ ကတော့သူတပါး ပြစ်မှူ့ကျူးလွန်ရာတွင် ပြစ်မူ့ကျူးလွန်သူအား အစအဆုံး အားပေးကူညီခြင်းဖြစ်ပါတယ် ။ ပုဒ်မ ၁၁၄ ကတော့ ရှေ့ကပုဒ်မ ဖြစ်လာအောင် အစအဆုံး အားပေးကူညီခြင်း ဖြစ်ပါတယ် ။ ရှေ့ကပုဒ်မ အတိုင်းပြစ်ဒဏ်ချခံရပါမယ်။
ဒါပေမဲ့ ပုဒ်မ ၃၈၂ က ပြစ်မှူ့ဆိုင်ရာဥပဒေ အရဆိုရင် နာကျင်စေရန်ပြင်ဆင်ပြီး ခိုးမှူ့ ဖြစ်ပါတယ် ။ အမြင့်ဆုံး ပြစ်ဒဏ်က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် ထိ ချမှတ်ရ မည့် အပြင် ငွေဒဏ်လဲ ချမှတ်နိုင်ပါတယ်။ ။ ထောင်ဒဏ်တော့ချကိုချရမည် ။ချမဲ့ နှစ် ကတော့ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ် နှစ် ကို လျှော့ ချလဲရပါတယ် ။ ငွေဒဏ်ကိုပါတွဲ၍ ချမှတ်နိုင်ပါတယ်။
ပုဒ်မ ၃ မျိုး စလုံးကို တဆက်ထဲရေးသားထားတာဆိုတော့ ယေဘူယျ အားဖြင့် အမျိုးတူ ဥပဒေ ထဲကလို့ယူဆရမှာပါ ။ ဒါကြောင့် ပြစ်မှူ့ဆိုင်ရာဥပဒေ ရဲ့ ပုဒ်မ ၃၈၂ လို့ သတ်မှတ်ရမှာပါ ။
ဒါဆိုရင် ရွှေဆိုင်ပိုင်ရှင်တွေဟာ ခိုးတဲ့ အဆင့်ကိုရောက် လို့သွားပါပြီ ။ ရွှေဆိုင်ပိုင်ရှင်တောင် သူခိုးဆိုပြီးလုပ်လိုက်ကြပါပြီ ။ မြန်မာနိုင်ငံတရားစီရင်ရေး စစ်စစ်ကြီးပါ။
ဒီလိုပုဒ်မတွေ တပ်ဖို့ အကြံပေးတဲ့ မိတ္ထီလာမြို့နယ် ဥပဒေရုံး တာဝန်ခံဥပဒေအရာရှိ (အစိုးရှေ့နေ ) ကို ချီးကျူးရမှာဖြစ်သလို ၊ မိတ္ထီလာမြို့နယ် ဥပဒေရုံး တာဝန်ခံဥပဒေအရာရှိ အကြံပေးတဲ့ အတိုင်း ပုဒ်မတွေ တပ် ပြီး တခါမှမချဖူးတဲ့ ပြစ်ဒဏ်တွေနဲ့ ချခဲ့တဲ့ မိတ္ထီလာ မြို့နယ်တရားသူကြီးကို လဲ ဩချရလောက်အောင်ချီးကျူးရမှာပါ ။ တရားစီရင်ရေးကို ဂိုဒ်လိုင်းပေးခဲ့တဲ့ တာဝန်ရှိလူကြီးမင်းများကို ဆို သာလို့ပင်ချီးကျူးရပေ အုံးမယ်ဗျာ ။

No comments:

Post a Comment