Saturday, April 20, 2013

ဗုံးကွဲမှုနောက် လူသားချင်းရိုင်းပင်းမှု ပိုမိုမြင့်မား


 ဗုံးဖောက်ခွဲမှု...

ဗုံးဖောက်ခွဲမှုကြောင့် လူသေ ဒဏ်ရာရ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပေမဲ့
ဘော်စတွန်ရောက် လူတွေရဲ့ စိတ်ဓာတ်ခွန်အား ကတော့ အံ့သြဖွယ်ရာ
မြင့်မားနေပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာနားက မာရသွန်အပြေးသမားတွေနဲ့ ပြည့်နေတဲ့ ၀က်စတင် ကော့ပလေဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်က ဈေးကြီးတဲ့ စတားဘတ် ကော်ဖီဆိုင်ဟာ ဖြတ်သွားသမျှလူတွေကို ကော်ဖီနဲ့ မုန့် အလကား ကျွေးမွေးနေပါတယ်။ ဖီလာဒဲလ်ဖီးယားပြည်နယ်က
အမျိုးသမီးတဦးက ဒီစတားဘတ်ဆိုင်ကို ဖုန်းဆက်ပြီး ငွေတရာလှူမယ်။ လူတွေကို ဒီငွေနဲ့ ရသလောက်ကျွေးမွေးပါလို့ ပြောလာပါတယ်။ ဒီကနေ အကြံရပြီး စတားဘတ်ဆိုင်က ဒီတရာဖိုးမကဘဲ ဆိုင်ထဲရှိသမျှလူအားလုံးကို အကုန်ချကျွေးနေတာပါ။

ဒါဟာ အခုလို လူတွေ စိတ်ဓာတ်ခြောက်ခြားအောင် လုပ်ဖို့ ကြိုးစားတဲ့ အကြမ်းဖက်မှုကို လူသားအချင်းချင်း စည်းလုံးညီညွတ်မှု ပြသတဲ့နည်းနဲ့ ကူညီတုန့်ပြန်ကြတဲ့ ဥပမာတခုပဲ ဖြစ်ပါတယ်။ ဒီမာရသွန်ကို ကြည့်ဖို့
ရောက်လာသူတွေကလည်း ဗုံးပေါက်ကွဲပြီးတဲ့အချိန်မှာ အပြေးသမားတွေကို
အင်္ကျီထူတွေ၊ ရေတွေနဲ့ ပေးဝေကူညီတာ၊ တုန်လှုပ်ခြောက်ခြားသွား သူတွေကို နှစ်သိမ့်တာတွေ လုပ်ခဲ့ကြပါတယ်။

အကြမ်းဖက်တယ်ဆိုတာ လူတွေကို ခြောက်ခြားသွားအောင်၊
ကြောက်လန့်သွားအောင်၊ အာဏာပိုင်တွေကို လူတွေ အပြစ်တင်အောင် လုပ်တာဖြစ်ပေမဲ့ ဒီဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာကတော့ သူမျှော်မှန်းတဲ့ ရည်ရွယ်ချက် ပြည့်မသွားတဲ့အပြင် လူတွေ တဦးနဲ့တဦး ပိုမိုရိုင်းပင်း ကူညီ ဖေးမကြတာကိုပဲ တွေ့ခဲ့ရပါတယ်။

အမေရိကန်အလယ်ပိုင်းဒေသကနေ လာရောက်ပြီး မာရသွန်ပြေးကြတဲ့သူ တဦးကတော့ ဒီလိုခြောက်လန့်မှုမျိုးနဲ့ သူ့ကို ကြောက်အောင်လုပ်လို့ မရဘူး။ နောက်တပွဲမှာ ဆက်ဆက် ပြန်လာပြီး ပြေးအုန်းမယ်လို့
ပြောဆိုသွားပါတယ်။ MZ (Burma-Newselite)

No comments:

Post a Comment