Friday, April 19, 2013

ဟာသ ၆


ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ
လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ
ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို
ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။

တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို
"ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ"
(မိန်းမဆုံးသွားတာကို>ရည်ညွှန်ြး

ပီးပြောတာ ဖြစ်တယ်)

ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ..
ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း
အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။
ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို
ဖြစ်သွားရတာ"

........................................................................

U Kyaw Zay Ya

ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။
ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။

"လိပ်ခေါင်းရှိသလား!"

ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ
မှာပါ" ဟူတည်း။

..........................................................................

U Kyaw Zay Ya

သူ့အတွက် မလိုဘူး.....

လူနှစ်ဦး အရက်ဘားထဲသို့ ဝင်လာကြသည် ။ ဘားအတွင်း
ရောက်သောအခါ ၎င်းတို့နှစ်ဦးတွဲ ခေါ်လာသောလူကို ကြမ်းပေါ်
ပစ်ချလိုက်သည် ။
“ ဟေ့ဘွိုင် ၊ ဗော့ဒ်ကာ ခွက်ပြည့် နှစ်ခွက်ပေးဟေ့ ၊
ဟိုကြမ်း ပေါ်က လူအတွက်တော့ သောက်ရေရိုးရိုး တစ်ခွက်
ပဲပေး ဟေ့ ၊ သူက ကားမောင်းရမဲ့လူ ”

.............................................................

U Kyaw Zay Ya

အစွမ်းထက်တဲ့ ဆေး ......

မိမိ၏မြင်းသည် တစ်ခါတစ်ရံနေရာမှလုံးဝမရွေ့ဘဲ ခေါင်းမာနေ
တတ်သည်နှင့် မြင်းလှည်းဆရာသည် တိရစ္ဆာန်ဆရာဝန်ထံ လာရောက်
အကူအညီတောင်းသည် ။
ဆရာဝန်က ဆေးဖရောင်းတိုင်နှစ်ချောင်း ( အစိမ်းရောင်တစ်
ချောင်း ၊ အနီရောင်တစ်ချောင်းဖြစ်သည် ) ပေးကာ ဤသို့ပြောသည် ။
“ နေရာကမရွေ့ဘဲ ခေါင်းမာနေရင် အစိမ်းရောင်အချောင်း
ကို မြင်းရဲ့စအိုထဲထည့်လိုက်ပါ ။ အဲ .. ဖြည်းဖြည်း ဖြည်းဖြည်းပဲသွား
ရင် အနီရောင်အချောင်းကိုထည့်ကြည့်ပါ ”
ရက်အနည်းငယ်ကြာသောအခါ တိရစ္ဆာန်ဆရာဝန်နှင့် မြင်း
ပိုင်ရှင်တို့ လမ်းတွင်ဆုံမိကြသည် ။
“ ဘယ့်နဲ့လဲ ၊ ကျုပ်ပေးတဲ့ဆေးဖရောင်းတိုင်တွေ စွမ်းရဲ့လား ”
“ စွမ်းပါသော်ကော ... ဆရာရယ် ၊ မနေ့က ထုံးစံအတိုင်း ဒီ
ကောင်လုံးဝမထဘဲ ၊ ဂျစ်ကန်ကန်လုပ်နေတာနဲ့ အစိမ်းရောင်ဖယောင်း
တိုင်ကို ထည့်လိုက်ရုံရှိသေးတယ် ၊ ချက်ခြင်းထပြီး တစ်ခါတည်းဒုန်း
စိုင်းပြေးတော့တာပဲ ”
“ အဲဒီတော့ ခင်ဗျားဘာလုပ်သလဲ ”
“ အနီရောင်ဖယောင်းတိုင်ကို ကျွန်တော့်စအိုထဲထည့်ပြီး ဒီ
ကောင့်ကို အတင်းလိုက်တာပေါ့ ၊ ငါးမိနစ်အတွင်း ဒီကောင့်ကို မိတယ်
ဗျာ ၊ အံ့ရော ”

......................................................................

No comments:

Post a Comment