Friday, April 19, 2013

မိန်းမတွေသိဖို့ ကျုပ်တို့ ကျားကျားတွေ အကြောင်း

Thursday, 4 April 2013 

၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

၂။ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်

၃။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ကို တစ်မိနစ်အတွင်းမှာလည်း သည်းသည်းလှုပ်ချစ်သွားတတ်သ
လို မုန်းပြီမေ့ပြီဆိုလည်း နာမည်တောင် မမှတ်မိတော့

၎။ကျွန်တော်တို့ယောက်ျားတွေ "ငါ မင်းအပေါ်နားမလည်နိုင်တော့ဘူးကွာ" လို့ပြောရင် အဓိပ္ပါယ်က ရှင်းရှင်းလေးပါ " စိတ်ကုန်နေပါပြီ "

၅။ကျွန်တော်တို့ယောက်ျားတွေ "စားပြီးပြီလား" တို့ "ဘာလုပ်နေလဲ" တို့ ဖုန်းထဲချက်ထဲမှာမေးရင်တော့ သိသင့်ပါပြီ i'm so boring ပွစိပွစိ with u .

၆။ကျွန်တော်တို့ယောက်ျားတွေ တစ်နေကုန် တစ်ညလုံး လျှောက်
ကဲနေတတ်ပေမယ့် ညအိပ်ယာဝင်မှာ တွေးမိစဉ်းစားမိတာ တကယ်
တန်ဖိုးထားချစ်ရတဲ့ သူကလေးအကြောင်းပါပဲ

၇။ကျွန်တော်တို့ယောက်ျားတွေ တစ်ကယ်ချစ်မိပြီဆိုရင် ရိုင်းတယ်မထင်ပါနဲ့ .... မိန်းမရွှင်ဆိုလည်း ဝိုင်းစုခိုင်သိန်း(အပြစ်မမြင်)ပါပဲ

၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတစ်ယောက်ရဲ့ attention ရဖို့ ဘယ်လောက်များ ထူသလဲဆို မျောက်လိုက ဆိုလည်း ကမိမှာပါ

၉။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့အကြည့်တစ်ချက်မှာ အသက်မထွက်ပေမယ့် ဘဝတော့ပျက်နိုင်ပါတယ်

၁၀။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ရည်းစားဟောင်းအကြောင်းတော့ လာမပြောနဲ့ လဒမီးမြိုက်ထားသလို ရုပ်နဲ့ ဖြစ်ညစ်ပြုံးပြ နားထောင်ပေးမှာပါ
၁၁။ကျွန်တော်တို့ယောက်ျားတွေ ပြောစရာစကားတွေ အများကြီးရှိတာဗျ ခင်ဗျားတို့ရှေ့ရောက်ရင် ပါစပ်ကမထွက်လို့ ရဲဆေးတင်သောက်တာ အရက်
သမားမထင်နဲ့

၁၂။ကျွန်တော်တို့ယောက်ျားတွေ လည်းငိုတတ်ပါတယ်

၁၃။ကျွန်တော်တို့ယောက်ျားတွေ သတ်သတ်လွတ်တစ်ယောက်မှ မစားပါဘူး .... အဲဒီတော့ မမြှုဆွယ်တာအကောင်းဆုံးပါ

၁၄။ကျွန်တော်တို့ယောက်ျားတွေ အိမ်မက်မမက်ဘူးဗျ ... မျှော်လင့်တယ်
ဆိုတာ အချော်တကောက်တွေ လုပ်တာ.... ကျုပ်တို့က လိုချင်ရင်ရအောင်
ယူတယ်

၁၅။ကျွန်တော်တို့ယောက်ျားတွေ ပလစ်တာခံလိုက်ရရင် သိပ်မုန်းတာဗျ
.... ပြန်လက်စားချေမှာ အရှုံးကိုလက်မခံနိုင်ဘူးပေါ့ဗျာ .....အဲ မိန်းမ
ကိစ္စတစ်ခုထဲမှာပါ

၁၆။ကျွန်တော်တို့ယောက်ျားတွေ အသည်းနှလုံးကို ထိအောင်ခင်ဗျားတို့
လာကစားမိပြီ ဆိုရင်တော့ ပြန်လမ်းမရှိဘူး သတိထားပါ

၁၇။ကျွန်တော်တို့ယောက်ျားတွေ အသည်းနုတယ်.... မိန်းကလေး
တစ်ယောက်က အရင်စ နမ်းတာ ခံရရင်တော့ Go Crazy ပဲ

၁၈။ကျွန်တော်တို့ယောက်ျားတွေ နားသိပ်မကောင်းဘူးဗျ ....ခင်းဗျားတို့ No ပြောတာကို ကျုပ်တို့က Try Again Tomorrow ကြားတယ်

၁၉။ကျွန်တော်တို့ယောက်ျားတွေ ဖောရှောကောင်းတယ်.... ဒါပေမယ့် ခင်ဗျားတို့အကြည့်အောက်မှာ မဟုတ်ဘူး ခွေးအကြီး လှည်းနင်း စကားပုံ ကြားဖူးမဟုတ်လား

၂၀။ကျွန်တော်တို့ယောက်ျားတွေ ကမိန်းမကိစ္စဆို ကလယ်အူကြောင်ဗျ... စကားကိုမစခင်ကတည်းက ရှင်းအောင်ပြောပါဗျာ

၂၁။ကျွန်တော်တို့ယောက်ျားတွေ မိန်းမလျာဆို ဝေရမဏိ
ဝေးစွာရှောင်ကြဉ်ပါ၏၂၂။ကျွန်တော်တို့ယောက်ျားတွေ အမေကိုတော့ ရှူသွင်းရတဲ့လေထက် တန်ဖိုးထားပါတယ်...... ယောက္ခမ ချွေးမ ပြသနာ အဖြေပဲ နားလည်ပါတော့

၂၃။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကိုပေးဖို့နှင်းဆီတစ်ပွင့် ထမင်းတစ်နပ်စာ အသပြာနဲ့ လဲဖို့ သတ္တိရှိပါတယ် (မှတ်ချက် ကျွန်တော်မပါ)

၂၄။ကျွန်တော်တို့ယောက်ျားတွေ အနီးအနားမှာ ရှိသမျှမြင်သမျှ မိန်းမတွေအကြောင်း အရည်မရ အဖတ်မရ လျှောက်ပြောတတ်တယ်..... အတင်းလို့ သမုတ်လည်းရပါတယ်

၂၅။ကျွန်တော်တို့ယောက်ျားတွေ အကြောင်းနားလည်ဖို့ဆိုတာက တိုင်းရေးပြည်ရေးထက် မင်းရေးကျယ်တယ် ဆိုသလိုပါပဲ

၂၆။ကျွန်တော်တို့ယောက်ျားတွေ "တစ်သက်မှာတစ်ခါတည်း မင်းကိုချစ်မိတာပါ" ပြောရင်တော့ ချင့်ယုံပေါ့ဗျာ၂၇။ကျွန်တော်
တို့ယောက်ျားတွေ သောက်တင်းတုတ်ရင်လည်း မိန်းမတွေထက် 
ပိုဆိုးဗျာ သတိတော့ထားပေါ့

၂၈။ကျွန်တော်တို့ယောက်ျားတွေ အကြီးဆုံး အားနည်းချက်ကတော့ မိန်းမမြင် မနေနိုင်တာပါပဲ

၂၉။ကျွန်တော်တို့ယောက်ျားတွေ ပွင့်လင်းတယ် ခင်ဗျားတို့လိုမဟုတ်ဘူး

၃၀။ကျွန်တော်တို့ယောက်ျားတွေ စောင့်ကြည့်စမ်းသပ်နိုင်ပါတယ် မယုံနိုင်သေးဘူးဆိုရင်ပေါ့ အဲ သုံးနှစ်သုံးမိုး ဆိုတာတော့ ကြာလွန်းပါတယ်

၃၁။ကျွန်တော်တို့ယောက်ျားတွေ လည်းအသန့်ကြိုက်ပါတယ် အဝတ်အစားတွေမှာ အစက်အပြောက်ရှိရင်တောင် မကြိုက်ဘူး ...... ယူထားတဲ့မိန်းမကိုလျှော်ခိုင်းမှာ

၃၂။ကျွန်တော်တို့ယောက်ျားတွေ ချစ်မိတဲ့ မိန်းကလေးဆို လေးလေးစားစား ဆက်ဆံတတ်ပါတယ် မလေးမစား ပေါက်တတ်ကရ ဆိုရင်တော့ ....

၃၃။ကျွန်တော်တို့ယောက်ျားတွေ ကို သူငယ်ချင်းကောင်းတစ်ယောက် ချစ်သူကောင်းတစ်ယောက် မနှိုင်းယှဉ်နဲ့ဗျာ မတူဘူး

၃၄။ကျွန်တော်တို့ယောက်ျားတွေ ခင်ဗျားတို့ကို ပြသ
နာပေါင်းသောင်းခြောက်ထောင် လာပြောပြီဆို နားပဲထောင် အကြံပေးစရာမလိုဘူး

၃၅။ကျွန်တော်တို့ယောက်ျားတွေ မထိတထိလေး စနေနောက်နေပြီဆို သတိထား နောက်တစ်ဆင့် အီစီကလီ ထုတော့မယ်

၃၆။ကျွန်တော်တို့ယောက်ျားတွေ ကိုချုပ်ချယ်လာပြီဆိုရင်တော့ ခင်ဗျားတို့အဝေးလွင့်သွားဖို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးတာပဲ

၃၇။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးဆို ကာကွယ်ပေးချင်ကြတာ ဘူးမလို့မဟုတ်ဘူး ခင်ဗျားတို့အားနည်းလို့

၃၈။ကျွန်တော်တို့ယောက်ျားတွေ မိန်းကလေးတွေကိစ္စဆို နှုတ်မလုံဘူးဗျ ခင်ဗျားတို့ လှို့ဝှက်အပ်သော တွေဆို မပြောနဲ့ မပြနဲ့

၃၉။ကျွန်တော်တို့ယောက်ျားတွေ အများအားဖြင့် အကြံကြီးတယ် အကြီးကြီးတွေ ကြံတယ်

၄၀။ကျွန်တော်တို့ယောက်ျားတွေ လည်းခင်ဗျားတို့လိုပဲ ကြွားတတ်ပါတယ်

၄၁။ကျွန်တော်တို့ယောက်ျားတွေ ရဲ့ရင်ခုန်သံက အတောမသတ်နိုင်ဘူးဗျ Unlimited ပဲ
၄၂။ကျွန်တော်တို့ယောက်ျားတွေ အတွက်ခင်ဗျားတို့ Height က အရေးမကြီးဘူးဗျ ဒေါက်ဖိနပ်စီးမနေနဲ့ အကျိုးမရှိဘူး Weight သာလျော့

မူရင်းးးးCredit: Thantsin Tun

Psycho
Myanmar faCeb()()k Society

Thursday, 4 April 2013

၁။ ကျွန်တော်တို့ယောက်ျားတွေ မိန်းမဆို ခန္ဓာကိုယ်အလှမှ မ
ဟုတ်ပါဘူး နှစ်လိုဖွယ် အပြုံးနဲ့ သပ်ရပ်သန့်ရှင်းတဲ့ မျက်နှာမျိုး
ဆို ပိုပြီးတော့တောင်စွဲလန်းပါသေးတယ်။

၂။ကျွန်တော်တို့ယောက်ျားတွေ တကယ်တော့ မာယာကိုလည်း ချစ်တတ်ပါတယ်။

No comments:

Post a Comment