Friday, April 19, 2013

ဟာသ ၇


U Kyaw Zay Ya

ကြေးနန်းစာ ....

ကြေးနန်းရုံးတွင်ဖြစ်သည် ။ ကြေးနန်းစာရွက်ပေါ်တွင် အဒေါ်
ကြီးတစ်ဦးက အောက်ပါအတိုင်း ရေးကာ ကြေးနန်းရုံး စာရေးမကို
ပေးသည် ။
“ သမီး နာတာရှာ ၊ မြေး အီဗန် နှင့် ပီတာတို့ကို နှစ်သစ်ကူး
ဆုမွန်ကောင်း တောင်းလိုက်ပါသည် ”
“ အားလုံးကို နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းလိုက်ပါသည်
ဆိုရင် ပိုမကောင်းဘူးလား အဒေါ်ရယ် ”
“ ဟာ- ဒါတော့ မဖြစ်ဘူး တူမရယ် ၊ ‘အားလုံး’ လို့ ဆိုလိုက်ရင် ၊
သားမက်လုပ်တဲ့ အကောင်ပါ ၊ ပါသွားလိမ့်မယ် ”

..............................
....................................

U Kyaw Zay Ya

အဖိုးတန်ထမင်းချက်

မိန်းမ ။ မောင်ရေ .. လက်ရှိထမင်းချက်ကိုတော့ ဖြုတ်ပစ်မှပဲ.. သူချက်တိုင်း
ဟင်းတွေတူးတာချည်းပဲ။

ယောက်ျား၊။ ဖြုတ်တော့ မဖြုတ်ပစ်ပါနဲ့ကွာ။ အရံထားပါ .. နောက်တစ်ယောက်သာ ထပ်ပြီးငှား။

မိန်းမ။ အို . ထမင်းချက် နှစ်ယောက်ကြီးများတောင် ဘာလုပ်ဖို့လည်းမောင်ရဲ့။

ယောက်ျား၊ ညအိပ်ညနေလာတဲ့ ဧည့်သည်လာရင် အခုလက်ရှိထမင်းချက်ကို
အချက်ခိုင်းရတာပေါ့ကွာ။ ဒါမှ ကြာကြာမတည်းမှာ။

.....................................................................

U Kyaw Zay Ya

နောက်ဆုံးဆန္ဒ

"ခင်ဗျားရဲ့ရောဂါ အခြေအနေကတော့ သိပ်ပြီးဆိုးနေပြီဗျ ။ အဲဒီတော့
ကျူပ်အနေနဲ့ ရှင်းရှင်းပဲပြောရတော့မှာပဲ.. ခင်ဗျားရဲ့ရောဂါဟာ
ကုလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားမသေခင် ဘယ်သူ့ကိုတွေချင်သလည်း"

ဆရာဝန်က လူနာကိုဒဲ့ဒိုးပြောလိုက်ရာ လူနာက ယခုလိုပြန်ပြောသည်။

"ကျွန်တော်တွေ့ချင်တာတော့ ဆရာ့ထက်သာတဲ့ တစ်ခြားဆရာဝန်တစ်ယောက်နဲ့
တွေ့ချင်တာပါပဲ ဆရာရယ်.."ဟူ၏။

............................................................................................

by U Kyaw Zay Ya

အချစ်ရဲ့ ကံခေမှူ

အမျိုးသမီး နှစ်ဦးစကားပြောနေကြသည်..။
(ပ) အမျိုးသမီး။ ။ " ကျွန်မယောက်ျားကတော့ တစ်လျှောက်လုံး ကံခေ ခဲ့တာပါ။
သူ့ ကို သဂြိုဟ်ခါနီး မှာတောင် သူကံလိုက်လာသေးတယ် "
(ဒု) အမျိုးသမီး။ ။ " ဘယ်လိုပါလိမ့် "
(ပ) အမျိုးသမီး။ ။ " ဒီလိုပါ၊ သူ့ ကို မြေမြုပ်ဖို့ တွင်းတူးတော့
ရေနံကြောကို ထိသွားတယ်လေ "

.................................................................................

U Kyaw Zay Ya

ရှင်သိတယ်မှတ်လို.

လင်မယားနှစ်ယောက် ကတိသစ္စာပြုထားကြသည်မှာ တစ်ယောက်က သစ္စာဖောက်မိလျင်
ပဲကြမ်းစေ့တစ်စေ့ စားပွဲပေါ်တင်၍ အသိပေးရန်ဖြစ်သည်။
တစ်နှစ်ခန့်အကြာတွင်... ယောင်္ကျားဖြစ်သူက ပဲကြမ်းစေ့ သုံးစေ့ကို
စားပွဲပေါ်တင်သည်။ မိန်းမကမူ...တစ်စေ့မျှမတင်ပေ။ ယောင်္ကျားက...
မကျေမနပ်မေးသည်။

'မင်းကငါ့ကို... တစ်ခါမှသစ္စာမဖေါက်ဘူးပေါ့လေ။ ဟုတ်လား'
'ရှင်အတော်... နုံတာပဲ။ ရှင့်ကိုနေ့တိုင်း ပဲဟင်းချက်ကျွေးနေတာ...
ခြောက်လလောက်ရှိပြီ'

...............................................................

U Kyaw Zay Ya

ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "

" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ
ဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။

အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ်

.................................................................................

by Min Nay Way

No comments:

Post a Comment