Friday, April 19, 2013

"ဆရာလှသောင်းရေးသောမြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးသောလေယာဉ်ပြန်ပေးဆွဲမှုကြီး"



၁၉၇၀ ခုနှစ်အစောပိုင်းနှင့် နောက်ပိုင်းနှစ်များတွင် လေယာဉ်ပြန်ပေးဆွဲမှုသတင်းများ မကြာခန သတင်းစာများတွင်ရေးသားဖော်ပြကြသည်။ သို့သော်လည်းစစ်အေးတိုက်ပွဲကာလပြီးဆုံးချိန် တွင် လေယာဉ်ပြန်ပေးဆွဲမှုသတင်းများကိုမဖတ်ရ၊ မကြားရသလောက်ဖြစ်နေသည်။ 9/11 ဟုခေါ်သည့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ World Trade Center အဆောက်အအုံကြီးကို ဆီအပြည့်ဖြည့်ထားသောလေယာဉ်ကြီးများဖြင့် အာရပ်အကြမ်းဖက်သမားများကဝင်ရောက် တိုက်ခိုက်သဖြင့်မီးလောင်ပျက်စီးပြိုကျကာ အမေရိကန်အများအပြားအပါဝင် လူမျိုးပေါင်းစုံ ၃,၀၀၀ ကျော်တို့သေကြေခဲ့ရသည်။ ဤအကြမ်းဖက်လုပ်ရပ်ကြောင့်လူသားအားလုံးတုန်လှုပ်ခဲ့ ရသည့် အပြင် ယနေ့တိုင်မပြီးဆုံးနိုင်သေးသောအာဖဂန်စစ်ပွဲနှင့်အီရတ်စစ်ပွဲတို့၏မြစ်ဖျားခံရာ ဟုဆိုလျှင်မမှားနိုင်ပေ။

သမိုင်းဖြစ်စဉ်တို့ကိုပြန်ကောက်လျှင် လေယာဉ်ပြန်ပေးဆွဲမှု၏အစသည်မြန်မာနိုင်ငံမှဖြစ်သည် ကိုတော့သိသူနည်းမည်ဖြစ်သည်။ သို့သော်လည်း ၁၉၅၄ ခုနှစ် ဇွန်လက မင်္ဂလာဒုံလေဆိပ်မှ ပျံတက်လာသော ဒါကိုတာလေယာဉ်ကြီးကို စောကျော်အေးဦးဆောင်သောလူ (၃)ယောက် ကပြန်ပေးဆွဲခဲ့ကြသည်။ ကမ္ဘာမှာပထမဆုံးသောလေယာဉ်ပြန်ပေးဆွဲခြင်းဖြစ်သည်။ထိုလေယာဉ် ကို ပုသိမ်ခရိုင် ဂွ နှင့် ချောင်းသာအကြားရှိပင်လယ်သဲသောင်ပြင်ပေါ်တွင်ဆင်းသက်ခိုင်းခဲ့ သည်။ ဖြစ်တောင့်ဖြစ်ခဲ၊ ကြုံတောင့်ကြုံခဲဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ စာရေးသူမှ ခဲရာခဲဆစ် ရှာဖွေလေ့လာရေးသားထားခြင်းဖြစ်သည်။

အထူးခြားဆုံးဖြစ်ရပ်ကား လေယာဉ်ပြန်ပေးဆွဲရာတွင်ဦးဆောင်ခဲ့သော ဦးစောကျော်အေးနှင့် သက်ရှိထင်ရှားတွေ့ဆုံမေးမြန်းနိုင်ခဲ့ခြင်းပေတည်း။ မြန်မာ့သမိုင်းထဲမှ ထူးခြားသောသမိုင်းဖြစ်ရပ် တစ်ခုကို မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။ ယခုပင်လျှင် ဦးစောကျော်အေးမှာ အသက် (၈၆)နှစ် ရှိပေပြီ။ ဧဝံဂလိခရီးထွက်နေဆဲ။

ယခုစာအုပ်ကား "မြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးသောလေယာဉ်ပြန်ပေးဆွဲမှုကြီး" ပင်ဖြစ်သည်။

No comments:

Post a Comment