Friday, April 19, 2013

ခိုးယူ ခံရသော စတာလင်ပေါင် တစ်သန်း တန်ဖိုးရှိ ရတနာများဖြင့် စီခြယ်မွမ်းမံ ထားသည့် ရွှေကြက်ဥအား တွေ့ရှိ

ဆွစ်ဇာလန် နိုင်ငံနှင့် ပြင်သစ်နှစ် နိုင်ငံ နယ်စပ် အနီးရှိ ယာဉ်စစ်ဆေးရေး ဂိတ်တစ်ခုတွင် မသင်္ကာ ဖွယ်ရာ ဘီအမ်ဒဗလျူ ကားတစ်စီးအား ပြင်သစ် ရဲများက ရှာဖွေ စစ်ဆေးခဲ့ရာ စိန်၊ နီလာ၊ မြစသည့် ရတနာများဖြင့် စီခြယ် မွမ်းမံထားသည့် စတာလင်ပေါင် တစ်သန်းကျော် တန်ဖိုးရှိ ရွှေကြက်ဥ တစ်လုံးအား အဝတ်စုတ်များဖြင့် ထုပ်လျက် ထည့်ထားသည်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားအတွင်းမှ အသက် ၂၄ နှစ်နှင့် ၃၈ နှစ်အရွယ်ရှိ ဘီလာရုစ်စ် နိုင်ငံသားနှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၄င်းတို့အား မေးမြန်း စစ်ဆေးခဲ့ရာ အဆိုပါ ရွှေကြက်ဥ အား မြေကြီးပေါ်မှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တစ်ဦးက ဖြေကြားခဲ့ပြီး အခြားတစ်ဦး၏ ဖြေကြားချက် အရ ၄င်းအား အဟောင်းဆိုင်မှ ဈေးသက်သက် သာသာဖြင့် ဝယ်ယူလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရွှေကြက်ဥသည် ရွှေသားအစစ် ၁ ကီလိုဂရမ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လွန်ခဲ့ သော ၄ နှစ်ခန့်က ကူဝိတ်သွင်းကုန် လုပ်ငန်းတစ်ခုမှ ခိုးယူခံရခြင်း ဖြစ်သည်။ အဆိုပါ အမျိုး သား နှစ်ဦးအား ခိုးယူခံရသောပစ္စည်း လက်ဝယ်ထားရှိမှုနှင့် လက်နက် ကိုင်ဆောင် မှုတို့ဖြင့် အရေးယူ ထားကြောင်း သိရသည်။

http://bit.ly/15qpQSm

မြ၀တီ

No comments:

Post a Comment