Friday, April 19, 2013

အပြစ်မတင်ပါနဲ့




ကချင်တိုက်ပွဲများကား ပြင်းထန်လှ၏။ တပ်မတော် ထိုးစစ်....ကချင်ခံစစ် အားပြိုင်ပွဲပင်တည်း။

အထက်မှအမိန့်အရ ည အမှောင်တွင် တပ်စု ကို လမ်းပြခေါ်ဆောင်ရန် တပ်သားတယောက်ကိုတာဝန်ပေးလေ၏။

လမ်းပြတပ်သား သည် လမ်းတလျှောက်လုံး မြှပ်ထားသော မိုင်းဗုံးရှိသည့်နေရာ၊ သံဆူးကြိုးကာရံထားသောနေရာ၊

လက်နက်ကြီးရှိသည့်နေရာစသည့်အကြောင်းတို့ကို

ဘေးနားမှ ကပ်လိုက်လာသော ဗိုလ်ကြီးဖြစ်သူအား လေသံဖြင့် တိုးတိုးပြောလေ၏။

ထို ဗိုလ်ကြီး ကလည်း လေသံဖြင့်ပင် ကျန် တပ်သားများကို ထပ်ဆင့်သတိပေးလေသည်။

တပ်စု တစ်ခုလုံး အထူး သတိဝရိယ ထားစွာဖြင့် တိတ်တဆိတ် ချီတက်ကြ၏။

ဒါက အသက်ဘေးလေ......အသံကျယ်ရုံမျှနှင့်ပင် အကုန်မာလကီးယားမှာမို့ အသက်ပင်ပြင်းပြင်းမရှူဝံ့ကြပေ။

သို့နှင့် အချိန်ကြာလာသောအခါ ဗိုလ်ကြီးမှ လမ်းပြကိုမေးတော့၏။

ဗိုလ်ကြီး။ ။ရန်သူ့စခန်းရောက်ဖို့နီးပီလားကွ။ မိုးတောင်လင်းတော့မယ်။

လမ်းပြ။ ။ဟာ ...အဝေးကြီးလိုသေးတယ်.....။ညနေလောက်မှ ....ရောက်မှာလေ...ဗိုလ်ကြီး..။

ဗိုလ်ကြီး။ ။ဟမ်.......အဲဒါဆို မင်းက လေသံနဲ့ ငါတို့တစ်တွေကို တစ်ချိန် လုံးဘာလို့ပြောနေတာလဲကွ.....ဟင်

ငါတို့က ရန်သူ့နယ်မြေရောက်ကာနီးပီထင်လို့ငြိမ်နေလိုက်ရတာ။အသံဆိုတိတ်ဆိတ်နေတာမင်းတွေ့တယ်မဟုတ်လားကွ။

လမ်းပြ။ ။အော်..ဒါလား...။ဗိုလ်ကြီးတို့ ကျယ်ကျယ်ပြောချင်ပြောလို့ရပါတယ်ခင်ဗျ။ ကျနော်ကတော့ အသံဝင်နေလို့ပါ။........တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

No comments:

Post a Comment