Friday, April 19, 2013

အာဖရိမှကို.ရို.ကားယားနိုင်သောအလွဲများ


    အာဖရိက နိုင်ငံမှာပဲ တွေ့ရတဲ့
    ကို့ယိုးကားယားနိုင်တဲ့အဖြစ်တွေနဲ့ အလွဲတွေကို ဖော်ပြပေးလိုက်ပါတယ် ။
    ပုံတွေ ကို ကြည့်ပြီး အော်.. ဖြစ်မှဖြစ်ရလေးလို့ မတွေးလိုက်ပါနဲ့ ။
    တကယ့်ကို အာဖရိကရဲ့ လူနေမှုစနစ်ကို ထင်ဟပ်ပြစေနိုင်တဲ့ ပုံများပဲ
    ဖြစ်ပါတယ် ။ ကဲ အားလုံး အသင့်ဖြစ်ပြီဆိုရင် ကျွန်တော်တို့အားလုံး
    အာဖရိကနိုင်ငံရဲ့ လူနေ မှုစနစ် အကြောင်းလေ့လာကြည့်ရအောင် ။


ဆိုင်တကယ်နဲ့ မြေသယ်ခွက်ကို
နောက်တွဲလုပ်ထားပြီး လိုအပ်ရင် နောက်ထပ် လူတွေတက်စီးလို့ရပါသေးတယ် ။
ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေက ထွင်ကြတယ်ဆိုတာ အာဖရိကကို
ဘယ်မှီပါလိမ့်မလည်း ။


တိုယိုတာကားကို နွားဆွဲတာ
ဒီတစ်ခါပဲ တွေ့ဖူးပါသေးတယ် ။ ဟီး ထွင်မှထွင်တတ်ပလေ နော်.. ။ ဘာဆီမှမလို
ဘူး ဘာအင်ဂျင်မှမလိုတဲ့ တိုယိုတာ ကားဖြစ်တဲ့အတွက် ကျွန်တော်က ဒီကားကို
နာမည်တစ် ခုပေးချင်ပါ တယ် ။ " The New Toyota Cowrolla !!!!"


ကမ္ဘာပေါ်မှာ ရှိတဲ့
အဆန်းပြားဆုံး ဘေစင်တစ်ခု ဖြစ်ပါတယ် ။ ဂရင်းနစ်
စံချိန်ထဲတောင်ဝင်သင့်ပါတယ် ။ ရေအေး ကို မသုံးချင်လို့ ရေနွေးရအောင်
ကြံဖန်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ် ။ ကိုယ့်အိမ်မှာလည်း စမ်းကြည့်
လို့ရပါတယ် ။


ဒီလိုဒီလို ကတ်ဆက်နားထောင်ပါတယ်တဲ့ ။ ဒါလည်းဖြစ်တာပါပဲ ။ လောကမှာ
မဖြစ်နိုင်တာ မဖြစ်နိုင် တာမရှိဘူး လို့ ဆိုထားကြတာကိုး ။


ဘုရားစူးရပါစေရဲ့...တကယ့်ကို
လူနာတင်ယဉ်ဖြစ်ပါတယ် ။ နွားနဲ့ဆွဲတာဖြစ်ပြီး လေ၀င်လေထွက်လည်း ကောင်း မှ
ကောင်း ။ ဘီးကလည်း ကားဘီးတွေတပ်ထားသေး ။ တကယ့်ကို ကို့ယို့ကားယားနိုင်တဲ့
အာဖရိကပါပဲ ။



စက်ဘီးစီးတာကို ဆိတ်ကပါ
အဆစ်လိုက်စီးချင်တယ်နဲ့ တူပါတယ် ။နောက်ကနေခွလို့ ။














ဆိုင်းဘုတ်ကိုလည်း ကြည့်ပါဦး
။ " This Month Specials - No Fuel " တဲ့ ။ ဆိုလိုတာက "
ဒီလအတွက် အထူး ...ဆီ မရှိပါ" ပေါ့ ။ ဟွန်း ဆီမရှိတာများ ဒီလ အထူး
လုပ်နေရသေးတယ် ။ တော်ပါပေ့..အာဖရိက ။


ဘယ့်နှာတုန်း ။
ဓါတ်တိုင်ကြီးကို လမ်းအလယ်တည့်တည်စိုက်ထားရတာ ။ နောက်မှ ရည်ရွယ်ချက် ကိုသိ
တော့ တယ် ဘယ်သွားချင်တဲ့သူက ဘယ်သွားပေါ့ ညာသွားချင်တဲ့သူက ညာသွားပေါ့
လမ်းခွဲလုပ်ထားတဲ့သ ဘောပါပဲ ။ ဒါပေမယ့် သူ့လမ်းခွဲက
ဓါတ်တိုင်ကြီးနဲ့လုပ်ထားတော့...
. ။


ဘုရားရေ...နောက်ဘီးကိုလည်း
ကြည့်ပါဦး ။ ကားလေးခမျာ မနိုင်ဝန်ထမ်းနေလိုက်ရတာ နောက်ဖင်က လမ်းနဲ့
တိုက်မိ တော့မယ် ။ အံမယ် ကားပေါ်ကလူတွေကတော့ ပျော်လို့ပါးလို့နော် ...ဟီး ။



ဆေးသုတ်တာပေါ့ အောက်ကို
မကျသွားအောင်လူနှစ်ယောက်က ဇောက်ထိုး ဆွဲထားပါတယ် ။ (အတော် နောက် တဲ့
အာဖရိက နော်)

No comments:

Post a Comment