Friday, April 19, 2013

ဟာသ၂

by Pyi Nyeinmoe
အရင်တုန်းက သိပ်ချစ်ကြတဲ့ကောင်မလေး2ယောက် အခန်းတစ်ခုတည်းမှာ တူတူနေကြတယ်တဲ့
သူတို့ နှစ်ယောက်လုံး တူညီတဲ့ အချက်ကတော့ ယောကျာ်းတစ်ယောက်နဲ့ အတွင်းကျကျ
ပါတ်သက်ရမှာ ကြောက်ကြတာပါပဲ။ဒါကြောင့်သူတို့
မွေးထားတဲ့
ကြောင်မလေးကိုတောင် အပြင်လုံးဝမထွက်နိုင်အောင် ပိတ်လှောင်ထားကြတယ်တဲ့
ဖြစ်နေကျအတိုင်းပေါ့ သူတို့ထဲကတစ်ယောက်ကို အိမ်က
ဇွတ်ယောကျာ်းပေးစားလိုက်တော့ မင်္ဂလာဦးမနက်မှာ အတွေ့အကြုံကိုစာရေး
ပြောပြရမယ်လို့ ကတိထားပြီး ယောကျာ်းယူလိုက်တော့တာပေါ့
မင်္ဂလာဦး မနက်မှာတော့ ကျန်နေခဲ့တဲ့ အပျိုကောင်မလေး လက်ခံရလိုက်တဲ့
ကြေးနန်းကဒီလိုပါတဲ့
" ကြောင်မလေးကို အခန်းပြင်လွှတ်ပေးလိုက်ပါတော့" တဲ့

(ဆရာတင်ဆွေမိုး ၏
အော်မိန်းမ မိန်းမ ဟာသများစာအုပ်မှ မှတ်မိတာလေးပြန်ပြောပြတာပါ)

.............................................................................

by Aung Thet Paing

တစ်ခါက တောအုပ်တစ်ခုမှာရှိတဲ့ ကျားကြီး မင်္ဂလာဆောင်သတဲ့ ။
တောအုပ်မှာရှိတဲ့တိရိစ္ဆာန်ငယ်တွေအားလုံး
သူ့မင်္ဂလာဆောင်ကိုမဖြစ်မနေလာရမယ်လို့အမိန့်ပေးသတဲ့ ။
ကျားကြီးကိုကြောက်ရတော့ တစ်တောလုံးရှိသမျှအလုပ်တွေထားခဲ့ပြီး
မင်္ဂလာဆောင်ကိုသွားကြသတဲ့ ။
လမ်းခုလပ်မှာ အေးအေးလူလူမြက်စားနေတဲ့ နွားကြီးကိုတွေ့သတဲ့ ။
ထူးဆန်းနေလို့ မနေနိုင်တဲ့တိရိစ္ဆာန်ငယ်တစ်ချို့က ဒီလိုမေးသတဲ့ ။
" ဗျို့ ကိုနွားကြီး ဒီနေ့ ကိုကျားကြီး မင်္ဂလာဆောင်ရှိတယ်လေ။
မသွားဘူးလား ။ တော်ကြာ ပြသနာဖြစ်နေမယ်ဗျာ "
ဒီတော့ နွားကြီးက ဘာမှထွေထွေထူးထူးဖြစ်ဟန်မပြဘဲ ဒီလိုပြန်ပြောသတဲ့။
" အေး .... ငါလည်း တစ်ချိန်က ကျားကြီးပဲကွ ။ မင်္ဂလာဆောင်ပြီးတော့မှ
နွားကြီးဖြစ်သွားတာ ။"

(ကြားဖူးတဲ့ ပုံပြင်လေးပါ ။)
ဟာသကျေးရွာမှ

No comments:

Post a Comment