Wednesday, May 15, 2013

ကိုယ်အလေးချိန် လျှော့ချရေး သဘာဝ နည်းလမ်း ၁၀ ဖြာ





*************************************

သင့်ကျန်းမာရေး အတွက် ကိုယ်အလေးချိန် လျှော့ချရေး သဘာဝနည်းလမ်း ၁၀ ဖြာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁)အသီးအနှံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် တွေဟာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့ သူတွေဟာ ဒီအစားအစာ တွေကို မကြာခဏ ပိုစား သင့်ပါတယ်။

၂။ဆားဟာ ခန္ဓာကိုယ် အလေးချိန် တိုးမြင့်ရတဲ့ အဓိက အကြောင်းတစ်ရပ် ဖြစ်တာကြောင့် ဆားအလွန်အကျွံ စားသုံးခြင်း ကလည်း ရှောင်ကျဉ် ရပါမယ်။

၃)နို့ထွက် ပစ္စည်းတွေ ဖြစ်တဲ့ ဒိန်ခဲတွေ ထောပတ်တွေ ဟာလည်း အဆီဓာတ် ကြွယ်ဝတာကြောင့် ရှောင်ကျဉ် သင့်ပါတယ်။ အသားနဲ့ အသီးအရွက် မဟုတ်တဲ့ အစားအစာ တွေကိုလည်း ရှောင်ကျဉ် သင့်ပါတယ်။

၎)ဂျင်းစိမ်း၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းမှုန့် စတာတွေဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ နည်းလမ်း အမျိုးမျိုးနဲ့ အသုံးဝင်ပါတယ်။

၅)ဘူးခါးမျိုး တွေနဲ့ ဒန့်ဒလွန်သီး တွေလို အသီးအနှံ မျိုးတွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အသုံး တည့်ပါတယ်။

၆)ပျားရည် သောက်သုံးခြင်းဟာ အကောင်းဆုံး အိမ်တွင်းဖြစ် ကိုယ်အလေးချိန် လျှောချရေး နည်းလမ်း တစ်ရပ်ဖြစ်ပါတယ်။ ပျားရည်ဟာ ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ အဆီပိုတွေကို ပုံမှန် လုပ်ငန်းတွေမှာ သုံးနိုင်တဲ့ စွမ်းအင်အဖြစ် ထုတ်ယူ အသုံးပြုနိုင်အောင် လုပ်ဆောင် ပေးပါတယ်။ ပျားရည်ကို စတင် သောက်သုံးတဲ့ အခါမှာ ထမင်းစားဇွန်း တစ်ဇွန်း အပြည့်လောက် ပမာဏကို ရေနွေးနဲ့ စသောက်သင့်ပါတယ်။ မနက်ပိုင်းမှာ သောက်တာက ပိုကောင်းပါတယ်။ ပြီးရင် လတ်ဆတ်တဲ့ ရှောက်သီး ဖျော်ရည် လက်ဘက်ရည်ဇွန်း တစ်ဇွန်းလောက် ကိုလည်း ထပ်သောက် ရပါမယ်။

Read Mroe == > http://myawady.com.mm/health/preventing/item/10718-2013-04-03-13-41-21

မြ၀တီ

No comments:

Post a Comment