Friday, April 19, 2013

ဘန်းစကား ( ၁ )


ကာတစ်

ကာတစ်မှာ မန္တလေးမြို့ ဘီလမ်းရှိ ဘယဆေးဆိုင်တစ်ဆိုင်အမည်ဖြစ်သည် ။ ထိုဆိုင်မှာ စစ်မဖြစ်မှီ ကာလကပင် ရှိခဲ့၍ ပိုင်ရှင၏အမည်ဖြင့် ကာတစ်ဆေးတိုက်ဟု ခေါ်ဝေါ်၍ဆေးတိုက်အမှတ် တံဆိပ် မှာ ဆေးထောင်းသောဆုံတွင် ကျည်ပွေ့စိုက်ထားသောပုံဖြစ်လေသည် ။ ကာတစ်ဟူသော အမည်ကို ကြားသိသူတိုင်း ဆုံတံဆိပ်ကိုလည်း တွဲလျက် သိကြပြီး ဖြစ်လေသည် ။ ထို့ကြောင့် ကာလသားများက မိန်းမပျို၏ တင်ပဆုံကို သွယ်ဝိုက်သော စကားဝှက်ဖြင့် တင်စား၍ ( ဆုံ ) အစား ( ကာတစ် ) ဟုပင် ခေါ်ဝေါ် ပြောဆိုသုံးနှုံန်းကြရာမှ ထိုစကားမှာ အရပ်ရပ်သို့ ပျံ့နှံတွင်ကျယ်၍ ဘန်းစကားတစ်ရပ် ဖြစ်တည်လာခဲ့သည် ။


ခါးစိပတ်တင်သည်
ခါးစိပတ်တင်သည် သူတစ်ပါး၏ ကျေးဇူး အပြောအဆို အစွပ်အစွဲ စသည် အကြွေးတင်ကျန်သည်
သူတစ်ပါး၏ အိပ်ရာကို ပြစ်မှားမိသည့် လျော်ကြေးငွေကို ခစိပတ်မှီ ( ခါးစိပတ်မြီ )
ဟု ခေါ်ဆိုလေသည် ။ ထိုသဘောကိုစွဲ၍ မိမိ၏ပြုမူချက် တစ်စုံတစ်ရာကြောင့် သူတစ်ပါး
အပေါ်တွင် ပေးဆပ်ရန် ၊ ကျေးဇူးတင်ရန် ၊ တောင်းပန်ရန် ၊ ဖြေရှင်းရန် စသည့် အစွန်းအစ
တာဝန် တင်ကျန်ခြင်းကို တင်စား၍ ခစိပတ်တင်သည်ဟု ဆိုသည် ။

ခတ်ကွင်းပြင်သည်
ကြိုတင်ပြင်ဆင် အားယူသည်
လှေသမ္ဗာန်တို့တွင် မတ်တပ်ရပ်၍ ခတ်ရသောတက်ကြီးများမှာ တက်ကို တပင်တ
ပန်း ကိုင်မ,မနေရဘဲ ဝှေ့ယမ်းယက်ခတ်ရုံအတွက်သာ စိုက်ထုတ်ရလေအောင် လှေနံတွင်
တိုင်ငယ်စိုက်၍ လှုပ်ရှားသာပြီး တပ်ရန် ဖြုတ်ရန် လွယ်ကူသည့် လျော်ကွင်းဖြင့် တက်ကို
လျှိုသွင်းတပ်ဆင်ထားရသည် ။ ထိုကွင်းကို ခတ်ကွင်းဟုခေါ်သည် ။ တစ်ခါတစ်ရံတွင် ခတ်
ကွင်းပြတ်လျှင်သော်လည်းကောင်း ၊ အကျဉ်းအကျယ် အလိုက်မသင့်လျှင်သော်၎င်း ၊ ခတ်
ကွင်းကို ပြင်ဆင်လေရာ ထိုအခါတွင် လှေကို မလှော်နိုင်ဘဲ ရပ်ထားရသဖြင့် လှေသည်
ရေစုန်တွင် ပြန်၍ မျှောပါနေတတ်လေသည် ။ ( အချို့ကား ခတ်ကွင်းအပိုဆောင်ထားကြ
သည် ) ထို့ကြောင့် ခတ်ကွင်းပြင်ရသည်နှင့် လှေသည် ရွှာသစ်ကြီးအရောက် ရေစုန်ပြန်၍
မျှောပါနေပြီ ဟူသော အဓိပ္ပာယ်နှင့် ' ခတ်ကွင်းပြင်သည်နှင့် ရွာသစ်ကြီး ရောက်ပြီ " ဟု
ဆိုတတ်ကြလေသည် ။ ဤသည်ကိုစွဲ၍ တစ်စုံတစ်ရာ ဆောင်ရွှက်မည့်အရေးတွင် မဆောင်ရွက်သေးဘဲ ဟန်ပြင်အားသွေးဇီဇာချဲ့သည်နှင့် နှောင့်နှေးနောက်ကျန် နေရစ်ပုံ
ကိုလည်း ပမာပြု၍ ထိုအပြုအမူမျိုးကို " ခတ်ကွင်းပြင်သည် " ဟု ဆိုတတ်ကြသည် ။

ဂျပိုးထိုးသည်
နေရာအနှံ့ လည်ပတ်မွှေနှောက်သည် ၊ အရာရာတွင် စွက်ဖက်သည်
ကြမ်းပိုးများသည် လူ၏ကိုယ်ခန္ဓာကိုယ်ကို နေရာမရွေး ထိုးကျင့်၍ အသွေးစုပ်ယူ
တတ်ကြသည့်အပြင် ဖျာ ၊ ကြမ်း အကြိုအကြားမကျန် ဝင်ရောက် ကျက်စားတတ်လေ
သည် ။ ထိုသဘောကို တင်စား၍ နေရာအနှံ့ဝင်ဆံ့ကာ ၊ ရေးရာကိစ္စဟူသမျှတွင် ပါဝင်
စွက်ဖက်၍ အခွင့်အလမ်းရှာကြံ ထုတ်ယူနေသူကို ဂျပိုးထိုးဟူ၍လည်းကောင်း ၊ ထိုသူ၏
အပြုအမူကို ကြမ်းပိုးထိုးသည်ဟူ၍လည်းကောင်း သုံးနှုန်းကြသည် ။

ဌက်စာဆော်
အပျိုဖြစ်သည်
မာလကာ ၊ သြဇာ ၊ သရက် စသော သစ်သီးပင်တို့ကို စိုက်ပျိုးသောအခါ အပင်ကြီးရင့်၍ ပထမဦး အသီးသီးသည့်နှစ်တွင် အသီးများပြားစွာ မသီးသေးဘဲ ကျေးဌက်
များသိ၍ လာရောက်စားသောက်ရရုံ ဌက်အစာအတွက် နှိုးဆော်ရုံသဘောဖြင့် အသီးဦး
အနည်းငယ်သီးလေ့ရှိလေသည် ။ ထိုသို့ သီးပင်အရွယ်ရောက်၍ သီးစပြုခြင်းကို ဌက်စာ
ဆော်ပြီဟု ဆိုစမှတ်ပြုကြရာ မိန်းကလေးငယ်များသည် အိမ်ထောင်နိုင်သော အရွယ်သို့
လှမ်းဝင်ဦးမည်ဖြစ်သည့် ဓမ္မတာပေါ်စ အပျိုဖျန်းအရွယ် ရောက်ဝင်သည်ကို တင်စား၍
အပျိုပိုင်းဝင်သည် ၊ အပျိုဖော်ဝင်သည် ၊ ဌက်စာဆော်သည်ဟု သုံးစွဲာကြသည် ။
ငါးရစ်တက်သည်
ထွေးလုံးကျိပက်သည် ၊ ပလူးသည် ၊ ကျီစားရောဝင်သည်
ငါးများသည် အချိန်အခါအလိုက် ဖို,မ မိတ်လိုက်ကြ၍ အစုလိုက် အအုပ်လိုက် လူးလာလုံးထွေး ကူးခတ်ကြသည်ကို ငါးရစ်တက်သည်ဟု ဆိုသည် ။ ထိုသဘောကို တင်စား၍ သူနှစ်ဦးသည် အထူးရင်းနှီးရောဝင်လျှက် သင့်မြတ်ကျီစယ်နေသောအခါတွင်
ခိုင်းနှိုင်းပြောဆိုလေ့ရှိသည် ။

စက်ပုန်းခုတ်သည်
လျှို့ဝှက်၍ နောက်ကွယ်မှ တိုက်တွန်းစေ့ဆော်သည်
ပင်လယ်ကူး လှေကြီးများတွင် ရွက်တိုင်များကို အသုံပြုသော်လည်း စက်များပါ
တပ်ဆင်ပ်ရှိတတ်ရာ ရွက်အားကြောင့် ရွေ့လျားသည်ထက် အတွင်းတွင် ထည့်သွင်းထား
သည့် စက်က ခုတ်မောင်းခြင်းကြောင့်လည်း ပို၍ရွေ့လျားနိုင်သည် ။ ထိုသို့ အတွင်းမှ စက်
အကူအညီဖြင့် လှုပ်နှိုး စေ့ဆော်ပုံမျိုးကို တင်စား၍ အပြင်အပမှ မမြင်သာစေဘဲ ကွယ်ရာ
တစောင်းမှ လျှို့ဝှက်၍ အားပေးစေ့ဆော် သွေးဆောင် လမ်းညွှန် တိုက်တွန်းသူများကို
စက်ပုန်းခုတ်သည်ဟုပင်ဆိုသည် ။

စန္ဒားထိလည်
လှည့်ဖျားမှုဒဏ်ကို ခံရသည် မိုက်မဲသဖြင့် လှည့်စားခံထိသည်
ပင်လယ်စပ်တွင် တိုင်များကို စိုက်ထောင်ကာ တက်ရေတွင်ဝင်လာသော ငါးများ
သည် လမ်းပြင်ကျယ်ရာမှ နောက်ဆုံး ကျဉ်းရာသို့ မိ၍ မထွက်ပြေးနိုင်တော့ဘဲ ပိုက်ဖြင့်
ဖော်ယူနိုင်အောင် စီရင်ထားသော ငါးဖမ်းကိရီယာ အဆောက်အအုံတစ်မျိုးကို စန္ဒားဟု
ခေါ်လေသည် ။ ထိုသို့သော စန္ဒားသို့ ငါးများဝင်မိသည့်အလား သူတစ်ဦး၏ လှည့်ဖြားမှုထဲ
သို့ မသိနားမလည်ဘဲ ငြိကပ်ဝင်ရောက်ခြင်းကို တင်စား၍ စန္ဒားထိသည်ဟုလည်း ဆိုကြသည် ။

ဆလာမီ
အပိုသက်သက်ပေးရသောငွေ
ဟိန္ဒီစကား ဖြစ်သည် ။ အိမ်ဌားရာတွင်လည်းကောင်း ၊ ကုန်ပစ္စည်းလဲလှယ် ဝက်ယူရာတွင်လည်းကောင်း ၊ သီးခြားငွေပိုကို အဆောင်းပေးရလေသည် ။ ထိုငွေသည်
တင်ကြိုခုနှိမ်ရန်ပေးသော စပေါ်ငွေမျိုးမဟုတ်ဘဲ အကျိုးအခွင့်ရစေရန်အတွက် အလွတ်
သက်သက် ပေးလိုက်ရသောငွေဖြစ်၍ ပြန်၍ရပိုင်ခွင့် မရှိတော့ပေ ။ ( ထိုငွေကို အပျောက်
ငွေဟုလည်း ခေါ်သည် ) အိမ်ရှားပါးလွန်းသောကာလ ၊ ကုန်ပစ္စည်းရှားပါးလွန်းသော
ကာလတို့တွင် အခွင့်အရေးကို အပြိုင်ရယူသူ ပေါများသည့်အလျောက် အလွတ်လဘ်လာ
ဘသဖွယ် ဖြည့်ဆောင်းပေးအပ်ရသော ဆလာမီငွေနှုန်းမှာလည်း ကြီးမြင့်လာတတ်သည်
။ အခွင့်အရေး ရယူလိုသူများမှာ တောင်းသောငွေပိုကို ပေးကြရသည် ။ ( ထိုစနစ်သည်
စစ်ပြီးကာလမှ ပေါ်လာ၍ ဥပဒေအရမူကား ပိတ်ပင်ထားသည် ။ )

ဇော်ဆွဲသည်
ထိပ်တန်းကျသည် ၊ ထူးချွန်သည်
ရုပ်သေးရုပ်များအနက် ဇော်ရုပ်ကို ကြိုးဆွဲကပြရသူတွင် အရည်အချင်းအထူးလို
သည် ။ ခုန်ပျံ ကျွမ်းထိုး၍ အမျိုးမျိုးကပြရသည်ဖြစ်ရာ ကြိုးဆွဲအလွန်ကောင်းသူ ၊ တော်သူ
မှသာ ဇော်ရုပ်ကို ဆွဲရလေသည် ။ ထို့ကြောင့် ဇော်ဆွဲရသူဆိုလျှင် ထိပ်တန်း ထူးချွန်သူဟူ
သော သဘောရောက်ပြီးဖြစ်၍ မည်သည့်အရာတွင်မဆို ထူးချွန်သူကို ဇော်ဆွဲသည်ဟု
ဆိုကြသည် ။

ဈေးဆစ်သည်
အကဲစမ်း၍ ဆိုင်းငံ့သည်
ဈေးရောင်းဝယ်ရာတွင် ရောင်းသူကဆိုသောဈေးသည် ဝယ်သင့်သည်ထက် ပိုမို
များပြားသည်ဟု အထင်ရှိသောအခါ ဝယ်သူက လျော့ပေါ့ရန် ဈေးဆစ်လေ့ရှိသည် ။ ရုတ်
တရက် ဝယ်ယူခြင်းမပြုဘဲ အလဲအလှယ် အလျော့အတင်း ရောင်းသူဝယ်သူ အပေးအယူ
ပြုကြလေသည် ။ ထို့နောက်မှ တကယ်အရောင်းအဝယ်ဖြစ်သည် ။ ၄င်းကိုစွဲ၍ တစ်စုံတစ်
ရာကို တစ်ကြိမ်တည်း ခောမောစွာ ပေးကမ်းခြင်း ၊ လိုက်လျောခြင်း ၊ ဆောင်ရွက်ခြင်း မရှိ
ဘဲ အခွင့်တစ်စုံတစ်ရာကို ငဲ့မျှော်ဆိုင်းတွနေသောအခါ ဈေးဆစ်သည်ဟူ၍ တင်စားသုံး
နှုန်းကြသည် ။

ညိုမြလုပ်သည်
ဟန်လုပ်သည် ၊ အမှုဆောင်သည် ၊ မူသည်
တစ်စုံတစ်ရာကို နှစ်သက်သော်လည်း ရှက်ရွံ့စနိုးနှင့် က္ကုနြေ္ဒချုပ်တည်း ဟန်ဆောင်
နေပြီးမှ နှစ်သက်ဟန်ကို မသိမသာပြခြင်း ၊ မနှစ်သက်ဟန်ကဲ့သို့ ပြုပြီးမှ နှစ်သက်ကြောင်း
ကိုလည်း မပြဘဲမနေနိုင်ဘဲ အတွင်းစိတ်အမှန်ကိုသာ သိစေခြင်း စသော အပြုအမူမျိုး
ပြုမူသည်ကို တင်စား၍ ဆိုသည် ။ မူသည်ဟုလည်း ဆိုကြသည် ။ ရှေးအခါက အငြိမ့်မင်း
သမီးတစ်ဦး၏ ဟန်အမူအရာကိုစွဲ၍ တင်စားခေါ်မှတ်သည် ဆို၏ ။ ( ထိုမင်းသမီးမှာ ယူနီ
ဗာစီတီ မြသန်းကြည် ဖြစ်သည်ဟု မှတ်ရဖူးသည် ။ )

ဋီကာချဲ့သည်
အကျယ်ချဲ့သည် ကဲပိုဖြည့်လောင်းသည်
ပိဋကတ်ပါဠိတော်များ၏ အနက်အဓိပ္ပာယ်ကို အကျယ် သိရှိ သင့်ရာနှိုက် ပညာရှင်
ရဟန္တာအရှင်မြတ်တို့က အဋ္ဌကထာကျမ်းများဖြင့် ဖွင့်ပြကြသည် ။ ထိုအဋ္ဌကထာတို့ကို တစ်ဖန် ပညာရှင်တို့က ထပ်မံဖွင့်ချဲ့ကြပြန်သော ကျမ်းကို ဋီကာကျမ်းဟူ၍ ခေါ်သည် ။
ထိုသို့ ဋီကာချဲ့သည်ကို အစွဲပြု၍ တစ်စုံတစ်ရာတွင် အကျယ်ချဲ့ထွင် ဖော်ပြပြောဆို ရှင်း
လင်းခြင်းတို့ကို တင်စား၍ သုံးနှုန်းသည် ။

http://naingminooo.blogspot.com/2013/04/blog-post_13.html

ဇနီးမယား (၇) မျိုးဆိုတာ

မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ
့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန် လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။
ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား (၇) မျိုးကိုဟောတော်မူပါတယ်။ အဲဒီ (၇) မျိုးက

(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သော၊လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။

ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊

သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်
သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိုသောဇနီးမယားသေလျှင်
ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။
ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းရဲ့ဘလော့ကိုလည်း လာလည်စေချင်ပါတယ်။

ရာဇ၀င်တို့၏ သင်ခန်းစာ ( ၁ ) ( လောဘ၏ သားကောင်များ )

ရာဇ၀င်ဆိုသည်ကို ပညာရှင်အများက အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ တကယ်တော့
ရာဇ၀င်ဆိုသည်မှာ ခေတ်အဆက်ဆက်က မင်းတို့ကိုအခြေပြု၍ ဖြစ်ပျက်ခဲ့သော အကြောင်းအ
ရာမှတ်တမ်းများဟုပင် လွယ်လွယ်ကူကူသဘောပေါက်မိပါသည်။ ထို့ကြောင့် ရာဇ၀င်တွင် ကြေး၊
ကျောက်၊ ရွှေ၊သတ္တု၊ အုတ်၊ပေပရပိုက်တို့၌ အက္ခရာတင်၍ မှတ်တမ်းမှတ်ရာသက်သေအထောက်
အထားဖြင့်ပြဆိုနိုင်သော ရာဇ၀င်ကို " သ၀တ္တုက ရာဇ၀င် " ဟုခေါ်တွင်ပြီး သက်သေဖြင့်ပြဆိုမှု
မပြုနိုင်သောရာဇ၀င်ကို " အ၀တ္တုက ရာဇ၀င် " ဟု ခေါ်ဆိုခဲ့ကြပေသည် ။ ထို့အပြင် မင်းစဉ်မင်း
ဆက်မပြတ် အစဉ်အတိုင်း ရေတွက်ပြဆိုနိုင်သောရာဇ၀င်ကို " ဗဒ္ဓရာဇ၀င် " ၊ မင်းစဉ်မင်းဆက်
ပြတ်၍ မင်းမဲ့ဖြစ်သော အချိန်ကာလ၏ရာဇ၀င်ကို " ခဏ္ဍရာဇ၀င် " ၊ မင်းစဉ်မင်းဆက်အားလုံး မ
ဟုတ်ပဲ ပြလို ဆိုလိုသောမင်းတစ်ပါးပါး၏ အကြောင်းအရာ ရာဇ၀င်ကို " ဒီပကရာဇ၀င် " ဟုခေါ်
တွင်ကြောင်း ကိုလည်း မှတ်သားနိုင်ကြပေသည်။

မည်သို့ပင်ဆိုစေ ရာဇ၀င်ဆိုသည်မှာ ကျွန်တော်တို့၏ ဘိုးဘွားဘီဘင် အဘေး တို့မတိုင်မီ
ရှေးရှေးကာလ အတီတေကစ၍ ခေတ်အဆက်ဆက် ၏ အတိတ်၊ အရိပ်၊ ကြေးမုံပြင်တို့ပင် ဖြစ်
ကြ ပေသည်။ သူတို့၏ နေထိုင်စားသောက်ပုံ၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေထိုင်ခဲ့ကြ
ပုံ၊ ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးစံ ဓမ္မသတ်တို့ဖြင့် ကျင့်ကြံဆုံးဖြတ် စီရင်ခဲ့ကြပုံတို့ကို ရာဇ၀င်များ
က ဖေါ်ပြကြ၏ ။ သူတို့၏ စိတ်နေစိတ်ထား၊ စိတ်ဓါတ်များ၊ အယူအဆနှင့် တွေးခေါ်ပုံများ၊ အပြု
အမူအနေအထိုင်များ၊ ဇွဲလုံ့လနှင့် ကြိုးပမ်းအားထုတ်မှုများ၊ ဘာသာတရားနှင့် ကိုးကွယ်ယုံကြည်
မှု များအကြောင်းကိုလည်း ပြောပြကြ၏ ။ ရာဇ၀င်များက ဇာတိသွေး ဇာတိမာန်နှင့် မျိုးချစ် စိတ်
တို့ကို ဖေါ်ထုတ်ပေး၏၊ ထို့အတူ သံဝေဂရစရာ သင်ခန်းစာယူစရာများကိုလည်း ဆောင်ကြဉ်းပေး
ကြလေ၏။

ရာဇ၀င်ကိုတူးဆွသူအများစုသည် မျိုးချစ်စိတ်ဓါတ်နှင့် ဇာတိသွေးဇာတိမာန်တို့ကိုသာ ဆွဲ
ယူဖေါ်ထုတ် တင်ပြခဲ့ကြသည်ကို တွေ့နေရပါသည်။ နောင်လာနောင်သားတို့ အဖို့် သံဝေဂရစရာ ၊
သင်ခန်းစာ ယူစရာများကိုလည်း ဖေါ်ထုတ်ကြဖို့လိုမည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် မြန်မာ
ပြည်သူ ပြည်သားတို့အတွက် သင်ခန်းစာ သံဝေဂ ရယူနိုင်ကြစေရန် လက်လှမ်းမှီသရွေ့  ရာဇ၀င်
များထဲမှ တနိုင်တပိုင် တူးဆွဖေါ်ထုတ် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

သက္ကတိုင်း ကပိလ၀တ်ပြည်ကြီးကို အစိုးရတော်မူသော သုဒ္ဓေါဓနမင်းကြီးနှင့် မဂဓတိုင်း
ရာဇဂြိုလ်ပြည်ကြီးကို အစိုးရတော်မူသော ဘာဂီနိယမင်းကြီးသည် မဟာမိတ် အဆွေခင်ပွန်းဖြစ်
ကြ၏။ နှစ်ဘက်သောသားတော်များဖြစ်ကြသည့် ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားနှင့် ဗိမ္ဗိသာရ
မင်းသားတို့သည်လည်း အဆွေခင်ပွန်းဖြစ်ကြ၏။ သိဒ္ဓတ္ထမင်းသားသည် ဗိမ္ဗိသာရမင်းသားထက်
ငါးနှစ်ပို၍ကြီးတော်မူ၏။ ဗိမ္ဗိသာရမင်းသားသည်သက်တော် ၁၅- နှစ်တွင် မင်းဖြစ်တော်မူ၏။ မင်း
ဖြစ်ပြီး တစ်ဆယ့်ခြောက်နှစ်အကြာတွင် ဘုရားရှင်ကိုဖူးမျှော်ရပြီး နာရဒကဿပ ဇာတ်တော်ကို
နာယူရသဖြင့် သောတာပန်တည်လေ၏။ ဘုရားမပွင့်မီ တစ်ဆယ့်ငါးနှစ်၊ ဘုရားပွင့်ပြီး သုံးဆယ့်
ခုနှစ် နှစ်၊ စုစုပေါင်းမင်းစည်းစိမ် ငါးဆယ့်နှစ်နှစ်၊ သက်တော် ၆၇ တွင် သားတော် အဇာတသတ်
လုပ်ကြံ၍ အနိစ္စရောက်ရလေသည်။

အဇာတသတ်မင်း ရာဇဘိသေကခံ၍ ရှစ်နှစ်အကြာတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူ
သည်။ အဇာတသတ်မင်း သည် မင်းစည်းစိမ် သုံးဆယ့်နှစ် နှစ်အကြာတွင် သားတော် ဥဒယဘဒ္ဒ
မှလုပ်ကြံ၍ မင်းပြုလေ၏။ အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သောသူဖြစ်ပါလျှက် အဆွေခင်
ပွန်းယုတ်ဖြစ်သော ဒေ၀ဒတ်နှင့် ပေါင်းဖေါ်မိ၍ မပြစ်မှားအပ်သော ဖခင်ကိုပြစ်မှားမိသောကြောင့်
လောဟကုမ္ဘီငရဲ ၌ အနှစ်ခြောက်သောင်းခံယူရလေ၏။ ဖခင်ကိုသတ်ပြီးနောက်မှ မိမိအမှားကိုသိ
မြင်ကာ မြတ်စွာဘုရားထံ၌အပြစ်ကိုကန်တော့တောင်းပန်ပြီး ရိုသေသဒ္ဓါကြီးစွာ ပူဇော်ဆည်းကပ်
ခြင်းကြောင့် ငရဲမှလွတ်ချိန်တွင် ၀ိဇိတ၀ိသေသ မည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့ ဟု ဗျာဒိတ်ပေး
တော်မူခဲ့၏။

ဥဒယဘဒ္ဒမင်း စည်းစိမ် တစ်ဆယ့်ခြောက်နှစ်တွင် ယင်း၏သားတော် အနုရုဒ္ဓါက လုပ်ကြံ၍
နန်းတက်ပြန်လေ၏။ တဖန် အနုရုဒ္ဓါမင်း၏ သားတော် မုဏ္ဍမင်းသားက ခမည်းတော်ကို လုပ်ကြံ
ကာ မင်းလုပ်ပြန်၏။ မုဏ္ဍမင်း နန်းသက် ရှစ်နှစ်အကြာတွင် သားတော်နာဂဒါသ မင်းသားကဖခင်
ကိုသတ်၍ နန်းတက်ပြန်၏။ ထို နာဂဒါသမင်း စည်းစိမ် နှစ်ဆယ့်လေးနှစ် အရောက်တွင် " ဤအ
ဇာတသတ်မင်း၏အနွယ်သည် အဘသတ်မင်း၏ အနွယ်တည်း " ဟူ၍ပြည်သူအပေါင်းတို့စုပေါင်း
ကာ နာဂဒါသမင်းကို ထီးနန်းမှချ၍ သုသုနာဂအမတ်ကို ထီးနန်းအပ်မင်းမြှောက်လိုက်ကြလေ၏။
ထို့ကြောင့်သာ အဇာတသတ်မှစခဲ့သော အဖကိုသတ်၍ နန်းတက်သောမင်းဆက်သည် ငါးဆက်
ကုန်လွန်ပြီးချိန်တွင်မှ ပြည်သူတို့၏လုံ့လဖြင့် ချုပ်ငြိမ်းဇာတ်သိမ်းရလေတော့သည်

ဤအဖြစ်ကို သတ္တုချကြည့်မည်ဆိုလျှင် ထီးနန်းကို ငမ်းငမ်းတက်ရယူလိုသောလောဘ၊ထီး
နန်းကိုမလျှော်ကန်သော နည်းလမ်းဖြင့် သိမ်းပိုက်လိုသော လောဘက တရားခံအစစ် ဖြစ်ပေတော့
သည်။ လောဘကြောင့် မကြံစည်၊ မပြစ်မှားအပ်သော ဖခင်ကိုပင် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြလေ
သည်။ ပို၍ဆိုးဝါးသည့်အဖြစ်ကား မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေသည့်အချိန်ကာလ၊ မြတ်
စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးစ ဗုဒ္ဓသာသနာ ပူနွေးလတ်ဆတ်လျှက်ရှိနေဆဲ အချိန်ကာလ၌ ယခုကဲ့သို့
လောဘကိုအခြေခံသည့် ရာဇ၀င်အမည်းစက်များကို ရေးဆွဲချယ်သ သွားခဲ့ကြခြင်းပင်။ အာဏာနှင့်
စည်းစိမ်အတွက် ရာဇ၀င်၌မှတ်တမ်းမ၀င်ခဲ့သော လူတို့၏အသက်များစွာ စတေးခံ၊အနှစ်မြှုတ်ခံခဲ့ရ
သည့်အဖြစ်ပေါင်းကား မည်မျှပင်များမြောင်စွာ ဖြစ်တည်ခဲ့ရလေမည်မသိ။

လောဘ၏ သားကောင်များ ဖြစ်ခဲ့ကြရရှာသော အဇာတသတ်မင်းမှ အစပြုခဲ့ကြသည့် အဖ
သတ်၍နန်းတက် မင်းလုပ်ခဲ့ကြသူအဆက်ဆက်သည် အဇာတသတ်လိုပင် အနည်းဆုံး လောဟ
ကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းကျခံကြရပေလိမ့်ဦးမည်။ အထက်ပါအာဏာနှင့်စည်းစိမ်အတွက်
လောဘအစပြုသော ကိလေသာမာရ် ပူးသတ်ခံကြရသည့် သားကောင်များအတွက် သံဝေဂယူ
သင့်လှသော အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ ( မြန်မာသက္ကရာဇ် ၅၃၆ - ခုတွင် နန်း
တက်သော နရပတိစည်သူ မင်းလက်ထက် ) သည်အလွန်ပင်နောက်ကျခဲ့ရလေပြီတည်း။

လင်္ကာ၏ ပထမပိုဒ်ဖြစ်သော " သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်
မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း " ဟူသည့် လူတစ်ဦးကောင်းစားရန် လူတစ်ဦးမှာ ပျက်စီး
ပေးရသည့် မတည်မြဲခြင်းသဘောကို လည်းကောင်း၊

လင်္ကာ၏ ဒုတိယပိုဒ်ဖြစ်သော " ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းစံ၊ မတ်ပေါင်းရံလျှက်၊ ပျော်
စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ရေပွက်
ပမာ၊ စ်ေသက်လျာတည်း " ဟူသည့် စည်းစိမ်ချမ်းသာနှင့် အာဏာတို့မည်သည် သမုဒ္ဒရာထဲမှ
ရေပွက်ကလေးတစ်ပွက် ပမာ သံသရာတစ်လျှောက်လုံး နှင့်နှိုင်းစာလျှင်အလွန်မှ သေးငယ် တို
တောင်းလှပါသည် ဆိုသည်ကိုလည်းကောင်း၊

လင်္ကာ၏ တတိယပိုဒ်ဖြစ်သော " ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်
ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖေါက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါ
တည်း " ဟူသည့် ယခုအချိန်သင်မသတ်ပဲ လွှတ်ပေးခဲ့လျှင်လည်း ကံကြမ္မာကလွှတ်ပေးမည် မ
ဟုတ်သဖြင့် မကြာမတင်မီ တစ်ချိန်ချိန်တွင်တော့ မလွဲမသွေ မုချသေရဦးမည် ဆိုသည်ကိုလည်း
ကောင်း၊

လင်္ကာ၏ စတုတ္ထအပိုဒ်ဖြစ်သော" ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အ
ပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ " ဟူသည့် သံသရာတွင် လက်စား
ချေခွင့်ရခဲ့လျှင်တောင် လက်တုံ့မပြန်ပဲ ခွင့်လွှတ်ပါမည်အကြောင်း သွေးနှင့်ရင်း၍သစ္စာပြုခဲ့သည့်
စိတ်သဘောထားကြီးမြတ်ပုံကို နားလည်အတုယူနိုင်မည် ဆိုလျှင်သော်လည်းကောင်း၊

အနှီပုဂ္ဂိုလ်တို့သည် အ၀ီစိငရဲတွင် ကာလရှည်ကြာစွာ ကျရောက်ခံစားကြရမည်မဟုတ်၊ ရာ
ဇ၀င်ပုံရိပ်၌လည်း အမည်းဆေးစက်တို့ ကွက်ထင်ကျန်ရစ်စေခဲ့မည် မဟုတ်ပေ။ မည်သို့ဆိုစေကာ
မူ အတိတ်ရာဇ၀င်တို့သည်ကား ဖြစ်တည်ကျန်ရစ် ခဲ့ကြရလေပြီ။ ရှေ့ အနာဂါတ်နှင့် လက်ရှိပစ္စုပ္ပန်
တို့တွင်သာ အထက်ရာဇ၀င် ဖြစ်ရပ်များကဲ့သို့ အာဏာနှင့် စည်းစိမ်ကို တပ်မက်မှုကြောင့် အ၀ီစိ
ကျော့ကွင်းတွင်း သက်ဆင်းရမည့် လောဘ၏သားကောင်များ အဖြစ်မခံကြဖို့ပင် မဟုတ်ပါလား ။
ရာဇ၀င်များကပေးသော သံဝေဂများကိုရယူပြီး သင်ခန်းစာများကို အကျိုးရှိစွာ အသုံးချကြရမည်
ပင် ဖြစ်ပေတော့သတည်း။

ေ န လ မ င်း
( ၂ ၀ ၁ ၁ သြ ဂု တ် ၂ ၆ )


Ref ; မှန်နန်းမဟာရာဇ၀င်တော်ကြီး ၊ ဒုတိယတွဲ။

နားနှင့်ပက်သက်ပြီး မလုပ်သင့်သောအရာများ

သေချာဖတ်စေချင်ပါတယ်။ လူတော်တော်များများက နှာဖာချေး ကလော်တက်ကြလို့ပါ။
နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

နားဖာချေးကို မကလော်ပါနဲ့ နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရတတ်ပါတယ်။

နားစည်ထဲ ဘာမှ မထည့်ပါနဲ့ နားအတွင်းထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်စီးစေသလို အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။ လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကို ပြင်ပပစ္စည်းထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ်။ နားဖာချေး သိပ်မရှိဘဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ နားစည် အရေပြားခြစ်မိခြင်းနဲ့ နှာချေးဟာ နားစည်အတွင်းထဲအထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လဲ များပါတယ်။

နားအတွင်းထဲ မဆေးကြောပါနဲ့ နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်းထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြောပေးလို့ ရပါတယ်။ ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ နားတွင်းပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။

နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့ လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ်ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။

ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့မလွယ်ပါဘူး။ အင်းဆက်ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက်ဒဏ်ရာရှိ၊ မရှိ ဆန်းစစ်ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။

နားထဲ နားဖာချေးပိတ်ဆို့နေခြင်း နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေရှိပါတယ်။ ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။ အဲဒီအခါ မိမိဘာသာ နားထဲက နားဖာချေး ထုတ်တာမျိုး မလုပ်ဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသလိုက်ပါ။

ကျန်းမာရေးစကားဝိုင်း

ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စားဆေးခန်းအကြောင်း ဖြစ်ရပ်မှန်

ရန်ကုန်မြို့  လသာမြို့နယ် ရှိ စဉ့် အိုးတန်းလမ်း အောက်ဘလောက်မှာရှိတဲ့
" ခေတ်မှီ " ဆေးခန်း အကြောင်း နဲ့ ပတ်သက်လို့  သိသမျှ ဖောက်သည်
ချ လိုက်ချင်ပါတယ် .. ဖြစ်ရပ်မှန် ကိုယ်တွေ့ ပါ။

ခုတစ်လော ...ဂျာနယ်တွေမှာ ဆက်တိုက်ဆိုသလို ကြော်ငြာအားကောင်းကောင်းနဲ့  တွေ့ နေရတော့ ...
အနာနဲ့ ဆေး တည့် မလားဆိုပြီး တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားခဲ့တယ်
စရောက်တည်းက သတိထားမိတာက ....ဆေးခန်းအပြင်ဘတ်မှာ အထွေထွေရောဂါကုဆရာဝန်၂ယောက်အမည်ပဲဆိုင်းဘုတ်ချိတ်
ထားတာတွေ့  ရတယ်။

အဲ့ဒီ ဆရာဝန်၂ယောက် က မြန်မာ နာမည် နဲ့ .... ပါ။

နောက် တစ်ချက်က ....လူနာမှတ်တမ်း စာအုပ်ယူပြီးတာနဲ့ 
ပိုက်ဆံ ၅၀၀၀/ စတောင်းပါတယ် ဒါလဲ ထားတော့ ...

နောက်တစ်ချက် က .... ဆရာ လာပြီတဲ့ ဆိုပြီးနာမည်ခေါ်တော့ ....
ကျမ အထင်က မြန်မာဆရာဝန်ပဲထင်ခဲ့တာပါ။

အဲ့ဒီမှာ စတွေ့ တော့တာပါပဲ .... ဆရာဝန်က တစ်ရုတ် လူမျိုး
အသက် ၃၀ ခန့်  မြန်မာ စကားမတတ်ဘူး မြန်မာ တစ်ရုတ်
ကောင်မလေး တစ်ယောက်က စကားပြန်လုပ်ပေးတယ် ...
အရင်က ကျှီးပေါင်း ဖြစ်ဖူးလို့  မြန်မာဆရာဝန်နဲ့  ပြတာ ပျောက်သွားပြီး
ကာမှ .... အခန့် မသင့်တော့
ပြန်ဖြစ် ချင်သလို ဖြစ်တာနဲ့  ခုတစ်လော ဂျာနယ်တွေ မှာ ကြော်ငြာ ကောင်းတာကြောင့် ဒီဆေးခန်းကို လာခဲ့မိတာ ..
မေးကြည့် တော့ တရုတ်တိုင်းရင်းဆေး ဆရာလို့ ပြောတယ်။
ဒါပေမယ့် ....

ဘာအထောက်အထားမှ မရှိ ဘူး အနည်းဆုံး တိုင်းရင်းဆေး
အသိအမှတ်ပြု လက်မှတ် တစ်ခုခုပေါ့ ...အဲ့ဒါလည်းမတွေ့ ရပါဘူး ....

အဓိကပြောပြချင်တာက ဆေးကို ရက်၃၀ သောက်ရမယ်ပြောတယ် ..

ပုခုံး ၂ဖတ် ကိုလည်းဆေးထိုးရမယ်လို့ ပြောတယ် ...
ဘာမှလဲ သေချာ စစ်ဆေးပေးတာမျိုးလည်းမရှိဘူး

ဒါပေမယ့် သောက်ရမယ့် ဆေးဖိုးက လေးသောင်း
ကျမယ်လို့ ပြောတယ်။

ထင်လိုက်တာက ရက် ၃၀ စာကို ဆေးဖိုး ငွေ လေးသောင်း လို့ ထင်လိုက်တာ ... အဲ့ဒီအချိန်မှာ ဆရာဝန် ကို လည်း သိပ်မကြိုက်တော့ ..ဆေးလည်းမထိုးချင်ဘူး သောက်ဆေး
ကို လည်း၁၅ ရက်စာပဲ ယူမယ်လို့ ပြောလိုက်တယ် ....
အဲ့ဒီ တော့ ကောင်မလေးက ပိုက်ဆံ အရင်ရှင်းရမယ် လို့ ပြောတယ် ဘောင်ချာမှာ
ရေးထားတာ ကြည့် လိုက်တော့600000(ခြောက်သိန်း)တိတိဖြစ်နေတာ
ကိုတွေ့ လိုက်ရတယ် ..
သေချာအောင် မေးကြည့်လိုက်တော့မှ ဆေးတစ်ရက် စာ ကို
လေးသောင်း ဆိုပြီးပြောတယ် .....

အံ့ သြ လွန်းလို့ ယုံတောင် မယုံ နိုင်ပါဘူး

သောက်သေး ၃မျိုး နှင့် ကပ်ခွာ တစ်ခု တစ်ရက် စာ ကို လေးသောင်းကျ တယ် ဆိုတာ .... ဘယ်လိုဆေးမျိုး ပါလဲ စိတ်ဝင်စားစရာပါပဲ
အဲ့ဒါနဲ့ စကားအချေအတင်မပြောချင်တော့တာနဲ့ ၂ရက်စာ
ရှစ်သောင်းဖိုး ၀ယ်လာခဲ့ရပါတော့တယ် ....

ဒါပေမယ့် အဲ့ဒီဆေးကိုမသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ် .... ကိုယ် မသိတာတွေ သိခဲ့ရလို့  ရှစ်သောင်းတန်တယ်လို့ ပဲ စိတ်ဖြေလိုက်ပါတယ် မနက်ဖြန်ကစပြီးအဲ့ဒီ ဆေးခန်းကိုဆက်လက်စုံစမ်းသွား ပြီးအမှန်တရား
ကိုဖော်ထုတ်သွား မှာဖြစ်ပါတယ်။

မိတ္ထီလာမြို့နယ် ရွှေဆိုင် အမှူ့

မိတ္ထီလာမြို့နယ် ရွှေဆိုင် အမှူ့မှာရွှေဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ဦးထွန်းထွန်းဦး ကို ပုဒ်မ ၃၈၂ အရထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်းအလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် ၊ အလုပ်သမား ညီညီ ကိုလဲ ပုဒ်မ ၃၈၂ အရထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် ၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေး ကို ပုဒ်မ ၃၈၂ အရထောင်ဒဏ် ၇ နှစ် ၊ပုဒ်မ ၃၂၅ /၁၁၄ အရ ထောင်ဒဏ် ၅ နှစ် ၊ပုဒ်မ ၃၂၄ /၁၁၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ် အရအမိန့်ချခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြခဲ့ကြပါတယ် ။
အဲဒီမှာကျနော် ဘဝင်မကျတာက မည်သည့် ဥပဒေအရ ဆိုပြီးတိတိပပ ဖော်ပြထားခြင်း မရှိတာပါ ။ ပုဒ်မ ၃၂၅ ၊ ပုဒ်မ ၃၂၄ ၊ပုဒ်မ ၃၂၅ /၁၁၄ ၊ ပုဒ်မ ၃၂၄ /၁၁၄ ဆိုတာကတော့ အဖြစ်ပျက် နဲ့ ( ဖြည့်တွေးကြည့်တဲ့အခါ) ဖြည့်တွေးကြည့်တဲ့အခါ ပြစ်မှူ့ဆိုင်ရာဥပဒေ ဆိုပြီးဆက်စက် တွေးလို့ရနိုင်ပေမဲ့ ပုဒ်မ ၃၈၂ ကတော့ လုံးဝလုံးဝကိုတွေးလို့မရတာပါ။ ဆိုင်မှမဆိုင်တာကိုးဗျ။ ဥပဒေ ဆိုတာ အမျိုးအမည် ပေါင်း တစ်သောင်းခြောက်ထောင် မကထွေပြားများပြလှတဲ့ အချိန်ခါမှာ ဘယ် ဥပဒေရဲ့ ပုဒ်မ ပါဆိုပြီး မဖော်ပြတာဟာ အများပြည်သူကို နားမလည် စေချင် လို့များပေလား ဗျာ။
ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ပုဒ်မ ၃၂၄ က ဘေးဖြစ်စေတက်သော လက်နက်ဖြင့် တပါးသူကိုနာကျင်စေမှူ့ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်က ၃ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ကိုဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ၊ဒဏ် နှစ် ရပ်လုံး ဖြစ်စေ ချမှတ်ရပါ မည် ။ဒီပုဒ်မက ထောင်ဒဏ်ပဲချချ၊ ငွေဒဏ်ပဲချချ ၊၂ ခုစလုံးဘဲချချ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ်ကို လျှော့ ချလဲရပါတယ်။ ပုဒ်မ ၃၂၅ ကတော့ အပြင်းထန်နာကျင် စေမှူ့ ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်က ၇ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ကို ချမှတ်ရမည့်အပြင် ငွေဒဏ်လဲ ချမှတ်နိုင်ပါသည်။ ထောင်ဒဏ်တော့ချကိုချရမည် ။ချမဲ့ နှစ် ကတော့ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ်ကို လျှော့ ချလဲရပါတယ် ။ ငွေဒဏ်ကိုပါတွဲ၍ ချမှတ်နိုင်ပါတယ်။ ပုဒ်မ ၁၁၄ ကတော့သူတပါး ပြစ်မှူ့ကျူးလွန်ရာတွင် ပြစ်မူ့ကျူးလွန်သူအား အစအဆုံး အားပေးကူညီခြင်းဖြစ်ပါတယ် ။ ပုဒ်မ ၁၁၄ ကတော့ ရှေ့ကပုဒ်မ ဖြစ်လာအောင် အစအဆုံး အားပေးကူညီခြင်း ဖြစ်ပါတယ် ။ ရှေ့ကပုဒ်မ အတိုင်းပြစ်ဒဏ်ချခံရပါမယ်။
ဒါပေမဲ့ ပုဒ်မ ၃၈၂ က ပြစ်မှူ့ဆိုင်ရာဥပဒေ အရဆိုရင် နာကျင်စေရန်ပြင်ဆင်ပြီး ခိုးမှူ့ ဖြစ်ပါတယ် ။ အမြင့်ဆုံး ပြစ်ဒဏ်က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် ထိ ချမှတ်ရ မည့် အပြင် ငွေဒဏ်လဲ ချမှတ်နိုင်ပါတယ်။ ။ ထောင်ဒဏ်တော့ချကိုချရမည် ။ချမဲ့ နှစ် ကတော့ တရားသူကြီးရဲ့ option ပါ ။ထောင်ဒဏ် နှစ် ကို လျှော့ ချလဲရပါတယ် ။ ငွေဒဏ်ကိုပါတွဲ၍ ချမှတ်နိုင်ပါတယ်။
ပုဒ်မ ၃ မျိုး စလုံးကို တဆက်ထဲရေးသားထားတာဆိုတော့ ယေဘူယျ အားဖြင့် အမျိုးတူ ဥပဒေ ထဲကလို့ယူဆရမှာပါ ။ ဒါကြောင့် ပြစ်မှူ့ဆိုင်ရာဥပဒေ ရဲ့ ပုဒ်မ ၃၈၂ လို့ သတ်မှတ်ရမှာပါ ။
ဒါဆိုရင် ရွှေဆိုင်ပိုင်ရှင်တွေဟာ ခိုးတဲ့ အဆင့်ကိုရောက် လို့သွားပါပြီ ။ ရွှေဆိုင်ပိုင်ရှင်တောင် သူခိုးဆိုပြီးလုပ်လိုက်ကြပါပြီ ။ မြန်မာနိုင်ငံတရားစီရင်ရေး စစ်စစ်ကြီးပါ။
ဒီလိုပုဒ်မတွေ တပ်ဖို့ အကြံပေးတဲ့ မိတ္ထီလာမြို့နယ် ဥပဒေရုံး တာဝန်ခံဥပဒေအရာရှိ (အစိုးရှေ့နေ ) ကို ချီးကျူးရမှာဖြစ်သလို ၊ မိတ္ထီလာမြို့နယ် ဥပဒေရုံး တာဝန်ခံဥပဒေအရာရှိ အကြံပေးတဲ့ အတိုင်း ပုဒ်မတွေ တပ် ပြီး တခါမှမချဖူးတဲ့ ပြစ်ဒဏ်တွေနဲ့ ချခဲ့တဲ့ မိတ္ထီလာ မြို့နယ်တရားသူကြီးကို လဲ ဩချရလောက်အောင်ချီးကျူးရမှာပါ ။ တရားစီရင်ရေးကို ဂိုဒ်လိုင်းပေးခဲ့တဲ့ တာဝန်ရှိလူကြီးမင်းများကို ဆို သာလို့ပင်ချီးကျူးရပေ အုံးမယ်ဗျာ ။
.apk ဖြစ်ဖို့ ကျနော် ရူးသွပ်ဖူးတယ်
အတောင်ပံတဖက် က မပျံသန်းနိုင်ပေမယ့် အသွားတဖက်ကတော့ ဓါးတလက်ဖြစ်နေဆဲ