Wednesday, May 15, 2013

မဟာစင်မုန်တိုင်းနှင့် ထူးခြားမှုများ



ရန်ကုန်၊ မေ-၁၃

အစိုးရသစ်လက်ထက်တွင် အင်အားကြီးမုန်တိုင်းအဖြစ် ပထမဆုံးအကြိမ်ကြုံရသော မဟာစင်မုန်တိုင်းမ၀င်မီ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

မေလ ၆ ရက်မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်မှစ၍ မုန်တိုင်းငယ်အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ အဆိုပါမုန်တိုင်းငယ်မှာ တဖြည်းဖြည်းအားကောင်းလာခဲ့သောကြောင့် မဟာစင် (01B) ဆိုက်ကလုန်းမုန်တိုင်းဟု အမည်ပေးလိုက်သည်။

မုန်တိုင်းစောင့်ကြည့်ရေးဌာနများနှင့် ဒေါက်တာထွန်းလွင်တို့က မေလ ၁၀ ရက်ကတည်းက အဆိုပါအပူပိုင်းမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ မေ ၁၅ ညနေမှစ၍ ၀င်ရောက်နိုင်ကြောင်း ကြိုတင်သတိပေးခဲ့သည်။ သို့သော် မိုး/ဇ လက အဆိုပါမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ဝင်ရောက်ရန်မရှိဘဲ အ၀ါ ရောင်အဆင့်သတ်မှတ်ထာ ကြောင်း ကြေညာသည်။

မေ ၁၁ ရက်တွင် ဒေါက်တာထွန်းလွင်နှင့် မုန်တိုင်းစောင့်ကြည့်ရေးဌာနများက မဟာစင်သည် စစ်တကောင်းကို ဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ ဖြတ်ကျော်မည်ဖြစ်ပြီး မောင်တောမြို့ အနီးတစ်နာရီလေတိုက်နှုန်းမိုင်တစ်ရာကျော်ဖြင့် ဖြတ်သန်းမည်ဟု ခန့်မှန်းသတိပေးသည်။ မေ ၁၁ ရက်တွင် မိုး/ဇလကလည်း အဆိုပါမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကို တိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မေ ၁၂၊ ၁၃ တွင် အဆိုပါ မုန်တိုင်း၏အချင်းမှာ မိုင် ၁၂၀ အထိ ရှိလာပြီး ပိုမိုအားကောင်းလာသည်။ မိုး/ဇလနှင့် ပညာရှင်တို့ အားလုံးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ၀င်ရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း တညီတညွတ်တည်းခန့်မှန်းသည်။ မုန်တိုင်းရွှေ့လျားမှု ခန့်မှန်းတွက်ချက်ရာတွင် ယခုသတင်းရေးသားချိန် မေ ၁၃ ရက်အထိ ဦးထွန်းလွင်၏ ခန့်မှန်းချက်များ မှန်ကန်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါမုန်တိုင်းကြောင့် နိုင်ငံတော်အစိုရကလည်း မေ ၁၆ ရက်တွင် မုန်တိုင်းဝင်နိုင်ဖွယ်ရှိသည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရနိုင်သော ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီ
ပြောင်းရွှေ့ပေးရန် မေ ၁၃ ရက်နေ့က ပြည်နယ်အစိုးရအား ညွန်ကြားခဲ့သည်။

မုန်တိုင်းဒဏ်အဓိက ခံရနိုင်သော ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေစသောမြို့နယ်များတွင် မေ ၁၁ ရက်မှစတင်၍ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ရွှေ့ပြောင်းမှုများ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြသည်။

မုန်တိုင်းအဓိကဖြတ်သန်းမည်ဟု ခန့်မှန်းထားသော မောင်တောမြို့နယ်ရှိ ဒေသခံအများစုမှာ မိုး/ဇလမှ ထုတ်ပြန်ကြေငြာထားသည့် တစ်နာရီလေတိုက်နှုန်း မိုင် ၅၀၊ ၆၀ ဆိုသည်မှာ ယင်းတို့အတွက် အလွန်အမင်းစိတ်မပူပန်မိကြောင်း ဒေသခံများက မေ ၁၃ ရက်က ပြောသည်။

မေ ၁၃ ရက်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုကော်မတီက မေ ၁၄ ရက်မှစ၍ အမ်းမြို့တွင်အခြေစိုက်ကာ အနီးကပ်ကွပ်ကဲမည်ဖြစ်ပြီး တပ်မတော်က ရွှေ့ပြောင်းရေးအတွက် အားလုံးစီစဉ်ထားကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အစိုးရက တစ်ရက်သာကြို၍သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကဲ့သို့ မုန်တိုင်းသင့်နိုင်သော ဒေသခံများကို ရွှေ့ပြောင်းပေးမှုမျိုးကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလည်းမရှိခဲ့ပေ။ ထို့ကြောင့် နာဂစ်နှင့်မဟာစင်တွင် ခြားနားမှုများစွာ ရှိခဲ့သည်။

“အရင်မုန်တိုင်းတွေတုန်းက အခုလိုပွင့်ပွင့်လင်းလင်းချပြခဲ့တာ မရှိဘူး။ ကျေနပ်စရာကောင်းပါတယ်” ဟု စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

မဟာစင်ကို ဦးထွန်းလွင်နှင့် မိုးဇ/လတို့က မေ ၁၆ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

သူနဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင် .........


ပျို ပျို မေ ရဲ့  .....♪♪~!♪ ♫~

★ ဗ ဒင် ( အဆိုတော် )

ဗဒင်သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ "နေရာ" သီချင်းစီးရီး မှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအား အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ သို့သော် သီချင်း စီးရီး ၂ ခုသာ ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်။

★ကိုယ်ရေးကိုယ်တာ ~~~

ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။ အသားဖြူ၍ အရပ်မြင့်ပြီး ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားလေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။

★မအောင်မြင်မီအချိန်ကာလများ ~~~

ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။ ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော် မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။

★ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီး ~~~

ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။ နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကတ်ဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။

ဗဒင်၏ လေးစားစရာကောင်းသော အမူအကျင့်တစ်ခုမှာ ဟန်မလုပ်တတ်ခြင်းနှင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း နေထိုင်တတ်ခြင်းဖြစ်သည်။ အောင်မြင်ကျော်ကြားလာသော်လည်း သူ၏ ပုံသဏ္ဍာန်မှာ မပြောင်းလဲပဲ ယခင်နေထိုင်နေကျ အတိုင်းပင် ဆက်လက်နေထိုင်ခဲ့သည်။ အင်းစိန်မြို့အတွင်း ဆိုက်ကားတစ်စီးဖြင့် လှည့်ပတ်သွားလာနေလေ့ရှိပြီး အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် အတွင်းမှ ထန်းရည်ဆိုင်တွင် မကြာခဏ ဆိုသလို တွေ့ရတတ်သည်။ နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယနှင့် နောက်ဆုံးစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကို သာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။

ထွက်ရှိခဲ့သော တေးစီးရီး ~~~

၁ ။ နေရာ
၂ ။ အရှိအတိုင်း
၃ ။ ဒီနေ့

Android ဖုန်းအတွက် အပျင်းပြေ ဖောက်ထွင်းရေးဂိမ်း Bad Guys





ဂိမ်းတွေကတော့ ကောင်းပါတယ် ကိုယ်တိုင်စမ်းဆော့ကြည့်ကြပါ

http://www.zwmnna.com/2013/05/android-bad-guys.html

လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ




လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးက အန္တရာယ်ကင်းစေဖို့အတွက် သက်ဆိုင်ရာက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတာမှာ မလိုက်နာသူတွေ၊ တားဆီးသူတွေကို ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူမယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းတဲ့ပွဲမှာ သူက ခုလို ပြောခဲ့တာပါ။

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ တချို့လူတွေအနေနဲ့ သက်ဆိုင်ရာက ဘေးလွတ်ရာ ရွှေ့ပြောင်းတာကို မလိုက်တာဟာ လုံခြုံရေးအရ စိတ်ချမှု မရှိတာရယ်၊ ပြောင်းရွှေ့ပြီးနောက် လက်ရှိနေရာမှာ ပြန်လည် နေထိုင်ခွင့် မရမှာကို စိုးရိမ်တာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ အစိုးရဟာ ရခိုင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် လူပေါင်း ၁၉၀၀၀ ကျော်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဆက်ပြီး ရွှေ့ပြောင်းပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ လူမှုဝန်ထမ်းဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက် ရှင်းလင်းခဲ့ကြပါတယ်။

DVB TV News

Android ဖုန်းအတွက် သေနပ်ပစ်ဂိမ်းအလန်းစားလေး Die Hard





ဒီဟာကတော့ လက်ရှိဆော့နေပါတယ် ရုပ်ထွက်တအားကောင်းတဲ့ 3D

ပစ်တာခတ်တာ ၀ါသနာပါသူတွေအတွက် အလန်းဇယားဂိမ်းတစ်ခုပါ

http://www.zwmnna.com/2013/05/android-die-hard.html

Android ဖုန်းကနေ တက်တူး ထိုးတဲ့ပုံရိုက်လို့ ရတဲ့ ကင်မရာဆော့ဝဲ





ကင်မရာ ဖွင့်ပီး ပေါ်စေချင်တဲ့ ပုံကိုရွေးပြီး ရိုက်လိုက်တာနဲ့  တက်တူးပုံ

လေးနဲ့ ထွက်လာပါတယ် တက်တူးထိုးတာ စိတ်ဝင်စားသူများယူပါ

http://www.zwmnna.com/2013/05/android_15.html

တစ်ခါတလေများ




တစ်ခါတလေများ နင့်အပြုအမူတွေက
ငါ့ကို အလေးအနက်မထားတတ်တာလား...????

တစ်ခါတလေများ ငါက နင့်ရဲ့ ဂရုစိုက်မှုတွေကို
မျှော်လင့်နေတယ်ဆိုတာ မေ့နေတတ်တာလား.....????

တစ်ခါတလေများ ငါ သ၀န်တိုနေတတ်တာ
နင့်ကို အရမ်းချစ်လို့ ဆိုတာ နင်မေ့သွားတာလား...????

တစ်ခါတလေများ ငါ နင့်ကို စိတ်ဆိုးသွားတဲ့အချိန်ဆို
နားလည်မှုမပေးနိုင်ဘူးလို့  နင်ထင်နေတာလား....????

ဒါပေမဲ့လဲ ချစ်သူရယ်... အမြဲတမ်းအရှုံးပေးနေတတ်တဲ့ငါလဲ
တစ်ခါလေတော့ နင့်ဘက်ကဆိုတဲ့ တန်ပြန်မှုလေးကို
မျှော်လင့်နေမိတာပေါ့ ချစ်သူ..........





khin myo aye