Saturday, May 24, 2014

အဆိုတော် မျိုးကြီး ကလည်းတမျိုး


 
 NLD ရှိုးပွဲ တွင် မျိုးကြီးမှ "နားနားပြီး ပြော မောမယ်" သီချင်း ဆိုသဖြင့် ဒေါ်စု နှင့် ပါတီဝင်များ ဒေါသထွက် ခဲ့ကြကြောင်း သတင်းရရှိသည်။ ပထမအကြိမ် NLD ဈေးရောင်းပွဲတွင် IC အဖွဲ့အား ပါဝင် သီဆိုရန် ကမ်းလှမ်းခဲ့သော်လည်း IC တစ်ဖွဲ့လုံးမှ သီဆိုရန် ငြင်းဆန်ခဲ့ပြီး ယခု ဒုတိယအကြိမ်တွင်တော့ မျိုးကြီးမှ "နားနားပြီးပြော" သီချင်း သီဆိုခဲ့ပြီး၊ လေးဖြူ မှ "အရေးမကြီးဘူး" သီချင်း သီဆိုခဲ့သည်။

မျိုးကြီး၏ "နားနားပြီးပြော မောမယ်" ဆိုသည့် သီချင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များအားလုံး ဒေါသအကြီးအကြယ်ထွက်ခဲ့ကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည် သွေးတက်လာသဖြင့် မိသားစု ဆရာဝန် နှင့် ပြသလျှက်ရှိကြောင်း သိရသည်။

မျိုးကြီး၏ သီချင်းထဲတွင်  
"ဒီပုပ် နှင့် ဒီပဲ အဟုတ်ထင် လက်ခုပ်တီးနေကြောင်း"
"ဟိုအပြစ်တင် ဒီအပြစ်တင်နှင့် ကမ္ဘာနှင့် ချီပြောနေကြောင်း"
"ဂျာနယ်မျက်နှာဖုံးများတွင် ပါရှိနေကြောင်း"
 "နေရာတကာ ပါနေပြီး စကားလုံးများက ထပ်ကာ မဲပြား ပုဆိုးဖြစ်နေကြောင်း"
"အားလုံးကြားသဖြင့် တိုးတိုးပြောသင့်ကြောင်း"
"မောမည်ဆိုးသဖြင့် နားနားပြီးပြောသင့်ကြောင်း"

စသည့် စာသားများ ပါဝင်သည်။

ကိုယ်ဖျောက်ဝိဇ္ဇာ APK နဲ့ မလေးရှားလေယာဉ် ပျောက်သွားလို့ ခေတ်စားလာတဲ့ APK ( Privacy ရှိရှိ SMS, Call, MMS တွေသုံးနိုင်ဖို့နဲ့ လေယာဉ်တွေပျံသန်းနေတာကို Phone မှာ Live ကြည့်နိုင်ဖို့ Android Apk (၂)ခု)

Root မလုပ်တတ်သေးသူများအတွက် အလွယ်ဆုံး အမြန်ဆုံး Root လုပ်နည်း


Facebook ကို မြန်မာဘာသာဖြင့် အသုံးပြုချင်သူတွေအတွက်





Facebook ကို မြန်မာဘာသာပြောင်းရတာ တော်တော်များများလည်းသိပီးသားဖြစ်မှာပါ
စာလုံးမှန်အောင်တော့ တစ်ချို့တွေ ဘယ်လိုရမလည်းဆိုတာ မသိသေးပါဘူး 
face book မှာတောင် 98% ဘဲပြောင်းလဲရသေးတာဆိုတော့ 100%တော့မမှန်သေးပါဘူး 
အသုံးပြုချင်ဆိုရင် အကောင့်ပြင်ရန်ကိုသွားပြီး Genearl ထဲဝင်ပြီး
အောက်ဆုံးက Langugae မှာ Exit လုပ်ပါ မြန်မာကိုရွှေးပါ ပြီးရင် Save လိုက်ပါ 

အောက်ဆုံးက Langugae မှာ Exit လုပ်ပါ မြန်မာကိုရွှေးပါ ပြီးရင် Save လိုက်ပါ 
အဲဒါဆို မြန်မာလိုပြောင်းလဲသွားပါပြီ စာလုံးတော့မှန်မှာမဟုတ်သေးပါဘူး 
(၀င်းဒိုး 8 အတွက်တော့ မှန်တယ် ) စာလုံးမှန်ဖို့အတွက် 
ကလစ်ပြီးတော့ addon ထည့်ပါ Fire fox ကို ရီစတက်လုပ်လိုက်ရင် 
မြန်မာတော်တော်များများ မှန်နေတာတွေ့ရမယ်ခင်ဗျာ 
ဇော်ဂျီဖောင့်လည်းရေးလို့ရတာပေါ့ဗျာ (နားလည်းသလိုရှင်းပြထားတော့ လိုအပ်ချက်တွေလည်းရှိမှာပါ)
ကျေးဇူးတင်ပါတယ် အဆင်ပြေပါစေ....
 
 
 
မြန်မာလိုမသုံးဘဲ အင်္ဂလိပ်လိုပြန်ပြောင်းမယ်ဆို လွယ်လွယ်လေး 
အကောင့်အပြင်အဆင်များ ကိုသွား ဘာသာစကားမှာ EN (UK) ကိုပြောင်းအဆင်ပြေပါပီ

Wednesday, May 15, 2013

မဟာစင်မုန်တိုင်းနှင့် ထူးခြားမှုများ



ရန်ကုန်၊ မေ-၁၃

အစိုးရသစ်လက်ထက်တွင် အင်အားကြီးမုန်တိုင်းအဖြစ် ပထမဆုံးအကြိမ်ကြုံရသော မဟာစင်မုန်တိုင်းမ၀င်မီ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

မေလ ၆ ရက်မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်မှစ၍ မုန်တိုင်းငယ်အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ အဆိုပါမုန်တိုင်းငယ်မှာ တဖြည်းဖြည်းအားကောင်းလာခဲ့သောကြောင့် မဟာစင် (01B) ဆိုက်ကလုန်းမုန်တိုင်းဟု အမည်ပေးလိုက်သည်။

မုန်တိုင်းစောင့်ကြည့်ရေးဌာနများနှင့် ဒေါက်တာထွန်းလွင်တို့က မေလ ၁၀ ရက်ကတည်းက အဆိုပါအပူပိုင်းမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ မေ ၁၅ ညနေမှစ၍ ၀င်ရောက်နိုင်ကြောင်း ကြိုတင်သတိပေးခဲ့သည်။ သို့သော် မိုး/ဇ လက အဆိုပါမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ဝင်ရောက်ရန်မရှိဘဲ အ၀ါ ရောင်အဆင့်သတ်မှတ်ထာ ကြောင်း ကြေညာသည်။

မေ ၁၁ ရက်တွင် ဒေါက်တာထွန်းလွင်နှင့် မုန်တိုင်းစောင့်ကြည့်ရေးဌာနများက မဟာစင်သည် စစ်တကောင်းကို ဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ ဖြတ်ကျော်မည်ဖြစ်ပြီး မောင်တောမြို့ အနီးတစ်နာရီလေတိုက်နှုန်းမိုင်တစ်ရာကျော်ဖြင့် ဖြတ်သန်းမည်ဟု ခန့်မှန်းသတိပေးသည်။ မေ ၁၁ ရက်တွင် မိုး/ဇလကလည်း အဆိုပါမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကို တိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မေ ၁၂၊ ၁၃ တွင် အဆိုပါ မုန်တိုင်း၏အချင်းမှာ မိုင် ၁၂၀ အထိ ရှိလာပြီး ပိုမိုအားကောင်းလာသည်။ မိုး/ဇလနှင့် ပညာရှင်တို့ အားလုံးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ၀င်ရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း တညီတညွတ်တည်းခန့်မှန်းသည်။ မုန်တိုင်းရွှေ့လျားမှု ခန့်မှန်းတွက်ချက်ရာတွင် ယခုသတင်းရေးသားချိန် မေ ၁၃ ရက်အထိ ဦးထွန်းလွင်၏ ခန့်မှန်းချက်များ မှန်ကန်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါမုန်တိုင်းကြောင့် နိုင်ငံတော်အစိုရကလည်း မေ ၁၆ ရက်တွင် မုန်တိုင်းဝင်နိုင်ဖွယ်ရှိသည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရနိုင်သော ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီ
ပြောင်းရွှေ့ပေးရန် မေ ၁၃ ရက်နေ့က ပြည်နယ်အစိုးရအား ညွန်ကြားခဲ့သည်။

မုန်တိုင်းဒဏ်အဓိက ခံရနိုင်သော ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေစသောမြို့နယ်များတွင် မေ ၁၁ ရက်မှစတင်၍ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ရွှေ့ပြောင်းမှုများ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြသည်။

မုန်တိုင်းအဓိကဖြတ်သန်းမည်ဟု ခန့်မှန်းထားသော မောင်တောမြို့နယ်ရှိ ဒေသခံအများစုမှာ မိုး/ဇလမှ ထုတ်ပြန်ကြေငြာထားသည့် တစ်နာရီလေတိုက်နှုန်း မိုင် ၅၀၊ ၆၀ ဆိုသည်မှာ ယင်းတို့အတွက် အလွန်အမင်းစိတ်မပူပန်မိကြောင်း ဒေသခံများက မေ ၁၃ ရက်က ပြောသည်။

မေ ၁၃ ရက်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုကော်မတီက မေ ၁၄ ရက်မှစ၍ အမ်းမြို့တွင်အခြေစိုက်ကာ အနီးကပ်ကွပ်ကဲမည်ဖြစ်ပြီး တပ်မတော်က ရွှေ့ပြောင်းရေးအတွက် အားလုံးစီစဉ်ထားကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အစိုးရက တစ်ရက်သာကြို၍သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကဲ့သို့ မုန်တိုင်းသင့်နိုင်သော ဒေသခံများကို ရွှေ့ပြောင်းပေးမှုမျိုးကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလည်းမရှိခဲ့ပေ။ ထို့ကြောင့် နာဂစ်နှင့်မဟာစင်တွင် ခြားနားမှုများစွာ ရှိခဲ့သည်။

“အရင်မုန်တိုင်းတွေတုန်းက အခုလိုပွင့်ပွင့်လင်းလင်းချပြခဲ့တာ မရှိဘူး။ ကျေနပ်စရာကောင်းပါတယ်” ဟု စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

မဟာစင်ကို ဦးထွန်းလွင်နှင့် မိုးဇ/လတို့က မေ ၁၆ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

သူနဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင် .........


ပျို ပျို မေ ရဲ့  .....♪♪~!♪ ♫~

★ ဗ ဒင် ( အဆိုတော် )

ဗဒင်သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ "နေရာ" သီချင်းစီးရီး မှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအား အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ သို့သော် သီချင်း စီးရီး ၂ ခုသာ ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်။

★ကိုယ်ရေးကိုယ်တာ ~~~

ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။ အသားဖြူ၍ အရပ်မြင့်ပြီး ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားလေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။

★မအောင်မြင်မီအချိန်ကာလများ ~~~

ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။ ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော် မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။

★ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီး ~~~

ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။ နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကတ်ဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။

ဗဒင်၏ လေးစားစရာကောင်းသော အမူအကျင့်တစ်ခုမှာ ဟန်မလုပ်တတ်ခြင်းနှင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း နေထိုင်တတ်ခြင်းဖြစ်သည်။ အောင်မြင်ကျော်ကြားလာသော်လည်း သူ၏ ပုံသဏ္ဍာန်မှာ မပြောင်းလဲပဲ ယခင်နေထိုင်နေကျ အတိုင်းပင် ဆက်လက်နေထိုင်ခဲ့သည်။ အင်းစိန်မြို့အတွင်း ဆိုက်ကားတစ်စီးဖြင့် လှည့်ပတ်သွားလာနေလေ့ရှိပြီး အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် အတွင်းမှ ထန်းရည်ဆိုင်တွင် မကြာခဏ ဆိုသလို တွေ့ရတတ်သည်။ နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယနှင့် နောက်ဆုံးစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကို သာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။

ထွက်ရှိခဲ့သော တေးစီးရီး ~~~

၁ ။ နေရာ
၂ ။ အရှိအတိုင်း
၃ ။ ဒီနေ့

Android ဖုန်းအတွက် အပျင်းပြေ ဖောက်ထွင်းရေးဂိမ်း Bad Guys





ဂိမ်းတွေကတော့ ကောင်းပါတယ် ကိုယ်တိုင်စမ်းဆော့ကြည့်ကြပါ

http://www.zwmnna.com/2013/05/android-bad-guys.html