နွေညရဲ့ အိုက်စက်မှုတွေက
လူကို စိတ်ပျက်စေခဲ့တယ်။
လူခြေတိတ်တဲ့ညက
ခံစားမှုတွေ ပီပြင်စေမလား ထင်ခဲ့
ငါထလို့ထိုင်ခဲ့ ပူလောင်နေတာနဲ့ပဲ
ငါ့စိတ်တောင်ငါ ဘာမှန်းမသိ။
ပလူကောင်တွေရဲ့ ပျော်ပါးခြင်း
ငါ့စိတ်ကိုတော့နှိပ်စက်ခြင်း
လေပြင်းပြင်းတစ်ချက်လောက်တော့တိုက်စမ်းပါ
လူခြေကင်းတဲ့ညမှာငါကပြပါ့မယ်။
ညကနက်သထက်နက်လို့လာခဲ့
လူမွဲံတစ်ယောက်ရဲ့မနက်ဖြန်က
နှိပ်စက်ခံနေရခြင်းနဲ့ စလို့နေခဲ့တယ်
အိုက်ပြုက်နေတဲ့ ငါ့ခန္ဓာကို လည်းငါမုန်းတယ်
မတည်ငြိမ်တဲ့ ငါ့စိတ်ကိုလည်းမုန်းတယ်
မုန်းတယ်ဆိုတာ ဘယ်လိုစိတ်နဲ့ရှင်သန်နေသလဲ
ဟာ..........စိတ်ပျက်လိုက်တာ
ဟွန်းးးးးးးးးးးးး
ငါလိုလူတွေလဲ အများကြီးရှိလောက်ပါရဲ့
ဒါပေမယ့်မဖြေသာ
ရေခဏခဏဆာနေသလို
ငါ့စိတ်တွေနေစရာရှာနေခဲ့ရတယ်။
Admin ( H K )
အေးချမ်းမွန် Credit & Copy From >တစ်ခါတစ်ရံ အချစ်ကိုခံစားကြည့်ခြင်း<Thank
https://www.facebook.com/excellencemedia
No comments:
Post a Comment