Wednesday, May 15, 2013

မဟာစင်မုန်တိုင်းနှင့် ထူးခြားမှုများ



ရန်ကုန်၊ မေ-၁၃

အစိုးရသစ်လက်ထက်တွင် အင်အားကြီးမုန်တိုင်းအဖြစ် ပထမဆုံးအကြိမ်ကြုံရသော မဟာစင်မုန်တိုင်းမ၀င်မီ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

မေလ ၆ ရက်မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်မှစ၍ မုန်တိုင်းငယ်အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ အဆိုပါမုန်တိုင်းငယ်မှာ တဖြည်းဖြည်းအားကောင်းလာခဲ့သောကြောင့် မဟာစင် (01B) ဆိုက်ကလုန်းမုန်တိုင်းဟု အမည်ပေးလိုက်သည်။

မုန်တိုင်းစောင့်ကြည့်ရေးဌာနများနှင့် ဒေါက်တာထွန်းလွင်တို့က မေလ ၁၀ ရက်ကတည်းက အဆိုပါအပူပိုင်းမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ မေ ၁၅ ညနေမှစ၍ ၀င်ရောက်နိုင်ကြောင်း ကြိုတင်သတိပေးခဲ့သည်။ သို့သော် မိုး/ဇ လက အဆိုပါမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ဝင်ရောက်ရန်မရှိဘဲ အ၀ါ ရောင်အဆင့်သတ်မှတ်ထာ ကြောင်း ကြေညာသည်။

မေ ၁၁ ရက်တွင် ဒေါက်တာထွန်းလွင်နှင့် မုန်တိုင်းစောင့်ကြည့်ရေးဌာနများက မဟာစင်သည် စစ်တကောင်းကို ဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ ဖြတ်ကျော်မည်ဖြစ်ပြီး မောင်တောမြို့ အနီးတစ်နာရီလေတိုက်နှုန်းမိုင်တစ်ရာကျော်ဖြင့် ဖြတ်သန်းမည်ဟု ခန့်မှန်းသတိပေးသည်။ မေ ၁၁ ရက်တွင် မိုး/ဇလကလည်း အဆိုပါမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကို တိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မေ ၁၂၊ ၁၃ တွင် အဆိုပါ မုန်တိုင်း၏အချင်းမှာ မိုင် ၁၂၀ အထိ ရှိလာပြီး ပိုမိုအားကောင်းလာသည်။ မိုး/ဇလနှင့် ပညာရှင်တို့ အားလုံးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ၀င်ရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း တညီတညွတ်တည်းခန့်မှန်းသည်။ မုန်တိုင်းရွှေ့လျားမှု ခန့်မှန်းတွက်ချက်ရာတွင် ယခုသတင်းရေးသားချိန် မေ ၁၃ ရက်အထိ ဦးထွန်းလွင်၏ ခန့်မှန်းချက်များ မှန်ကန်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါမုန်တိုင်းကြောင့် နိုင်ငံတော်အစိုရကလည်း မေ ၁၆ ရက်တွင် မုန်တိုင်းဝင်နိုင်ဖွယ်ရှိသည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရနိုင်သော ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီ
ပြောင်းရွှေ့ပေးရန် မေ ၁၃ ရက်နေ့က ပြည်နယ်အစိုးရအား ညွန်ကြားခဲ့သည်။

မုန်တိုင်းဒဏ်အဓိက ခံရနိုင်သော ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေစသောမြို့နယ်များတွင် မေ ၁၁ ရက်မှစတင်၍ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ရွှေ့ပြောင်းမှုများ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြသည်။

မုန်တိုင်းအဓိကဖြတ်သန်းမည်ဟု ခန့်မှန်းထားသော မောင်တောမြို့နယ်ရှိ ဒေသခံအများစုမှာ မိုး/ဇလမှ ထုတ်ပြန်ကြေငြာထားသည့် တစ်နာရီလေတိုက်နှုန်း မိုင် ၅၀၊ ၆၀ ဆိုသည်မှာ ယင်းတို့အတွက် အလွန်အမင်းစိတ်မပူပန်မိကြောင်း ဒေသခံများက မေ ၁၃ ရက်က ပြောသည်။

မေ ၁၃ ရက်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုကော်မတီက မေ ၁၄ ရက်မှစ၍ အမ်းမြို့တွင်အခြေစိုက်ကာ အနီးကပ်ကွပ်ကဲမည်ဖြစ်ပြီး တပ်မတော်က ရွှေ့ပြောင်းရေးအတွက် အားလုံးစီစဉ်ထားကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အစိုးရက တစ်ရက်သာကြို၍သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကဲ့သို့ မုန်တိုင်းသင့်နိုင်သော ဒေသခံများကို ရွှေ့ပြောင်းပေးမှုမျိုးကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလည်းမရှိခဲ့ပေ။ ထို့ကြောင့် နာဂစ်နှင့်မဟာစင်တွင် ခြားနားမှုများစွာ ရှိခဲ့သည်။

“အရင်မုန်တိုင်းတွေတုန်းက အခုလိုပွင့်ပွင့်လင်းလင်းချပြခဲ့တာ မရှိဘူး။ ကျေနပ်စရာကောင်းပါတယ်” ဟု စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

မဟာစင်ကို ဦးထွန်းလွင်နှင့် မိုးဇ/လတို့က မေ ၁၆ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

သူနဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင် .........


ပျို ပျို မေ ရဲ့  .....♪♪~!♪ ♫~

★ ဗ ဒင် ( အဆိုတော် )

ဗဒင်သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ "နေရာ" သီချင်းစီးရီး မှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအား အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ သို့သော် သီချင်း စီးရီး ၂ ခုသာ ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်။

★ကိုယ်ရေးကိုယ်တာ ~~~

ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။ အသားဖြူ၍ အရပ်မြင့်ပြီး ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားလေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။

★မအောင်မြင်မီအချိန်ကာလများ ~~~

ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။ ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော် မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။

★ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီး ~~~

ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။ နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကတ်ဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။

ဗဒင်၏ လေးစားစရာကောင်းသော အမူအကျင့်တစ်ခုမှာ ဟန်မလုပ်တတ်ခြင်းနှင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း နေထိုင်တတ်ခြင်းဖြစ်သည်။ အောင်မြင်ကျော်ကြားလာသော်လည်း သူ၏ ပုံသဏ္ဍာန်မှာ မပြောင်းလဲပဲ ယခင်နေထိုင်နေကျ အတိုင်းပင် ဆက်လက်နေထိုင်ခဲ့သည်။ အင်းစိန်မြို့အတွင်း ဆိုက်ကားတစ်စီးဖြင့် လှည့်ပတ်သွားလာနေလေ့ရှိပြီး အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် အတွင်းမှ ထန်းရည်ဆိုင်တွင် မကြာခဏ ဆိုသလို တွေ့ရတတ်သည်။ နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယနှင့် နောက်ဆုံးစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကို သာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။

ထွက်ရှိခဲ့သော တေးစီးရီး ~~~

၁ ။ နေရာ
၂ ။ အရှိအတိုင်း
၃ ။ ဒီနေ့

Android ဖုန်းအတွက် အပျင်းပြေ ဖောက်ထွင်းရေးဂိမ်း Bad Guys





ဂိမ်းတွေကတော့ ကောင်းပါတယ် ကိုယ်တိုင်စမ်းဆော့ကြည့်ကြပါ

http://www.zwmnna.com/2013/05/android-bad-guys.html

လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ




လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးက အန္တရာယ်ကင်းစေဖို့အတွက် သက်ဆိုင်ရာက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတာမှာ မလိုက်နာသူတွေ၊ တားဆီးသူတွေကို ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူမယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းတဲ့ပွဲမှာ သူက ခုလို ပြောခဲ့တာပါ။

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ တချို့လူတွေအနေနဲ့ သက်ဆိုင်ရာက ဘေးလွတ်ရာ ရွှေ့ပြောင်းတာကို မလိုက်တာဟာ လုံခြုံရေးအရ စိတ်ချမှု မရှိတာရယ်၊ ပြောင်းရွှေ့ပြီးနောက် လက်ရှိနေရာမှာ ပြန်လည် နေထိုင်ခွင့် မရမှာကို စိုးရိမ်တာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ အစိုးရဟာ ရခိုင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် လူပေါင်း ၁၉၀၀၀ ကျော်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဆက်ပြီး ရွှေ့ပြောင်းပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ လူမှုဝန်ထမ်းဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက် ရှင်းလင်းခဲ့ကြပါတယ်။

DVB TV News

Android ဖုန်းအတွက် သေနပ်ပစ်ဂိမ်းအလန်းစားလေး Die Hard





ဒီဟာကတော့ လက်ရှိဆော့နေပါတယ် ရုပ်ထွက်တအားကောင်းတဲ့ 3D

ပစ်တာခတ်တာ ၀ါသနာပါသူတွေအတွက် အလန်းဇယားဂိမ်းတစ်ခုပါ

http://www.zwmnna.com/2013/05/android-die-hard.html

Android ဖုန်းကနေ တက်တူး ထိုးတဲ့ပုံရိုက်လို့ ရတဲ့ ကင်မရာဆော့ဝဲ





ကင်မရာ ဖွင့်ပီး ပေါ်စေချင်တဲ့ ပုံကိုရွေးပြီး ရိုက်လိုက်တာနဲ့  တက်တူးပုံ

လေးနဲ့ ထွက်လာပါတယ် တက်တူးထိုးတာ စိတ်ဝင်စားသူများယူပါ

http://www.zwmnna.com/2013/05/android_15.html

တစ်ခါတလေများ




တစ်ခါတလေများ နင့်အပြုအမူတွေက
ငါ့ကို အလေးအနက်မထားတတ်တာလား...????

တစ်ခါတလေများ ငါက နင့်ရဲ့ ဂရုစိုက်မှုတွေကို
မျှော်လင့်နေတယ်ဆိုတာ မေ့နေတတ်တာလား.....????

တစ်ခါတလေများ ငါ သ၀န်တိုနေတတ်တာ
နင့်ကို အရမ်းချစ်လို့ ဆိုတာ နင်မေ့သွားတာလား...????

တစ်ခါတလေများ ငါ နင့်ကို စိတ်ဆိုးသွားတဲ့အချိန်ဆို
နားလည်မှုမပေးနိုင်ဘူးလို့  နင်ထင်နေတာလား....????

ဒါပေမဲ့လဲ ချစ်သူရယ်... အမြဲတမ်းအရှုံးပေးနေတတ်တဲ့ငါလဲ
တစ်ခါလေတော့ နင့်ဘက်ကဆိုတဲ့ တန်ပြန်မှုလေးကို
မျှော်လင့်နေမိတာပေါ့ ချစ်သူ..........





khin myo aye

ဒေါ်မာမာအေး မြန်မာပြည်သို့ ဒုတိယဂီတခရီးစဉ် ပြန်မည်



Tuesday, May 14, 2013

မေလ ၁၃ ရက် ညသန်းကောင်ယံအချိန်မှာ ဂီတအနုပညာရှင် မာမာအေး အမေရိကန်ပြည်မှ မြန်မာပြည်သို့ ဒုတိယအကြိမ်မြောက် ဂီတခရီးစဉ်အဖြစ် အလည်အပတ်ပြန်မယ်လို့ သိရပါတယ်။ ဒီတခေါက်မှာ စက်တင်ဘာလ အထိ မြန်မာပြည်မှာ နေထိုင်ဖြစ်မယ်လို့ မိုးမခကို ပြောကြားပါတယ်။

ဒေါ်မာမာအေးရဲ့ ဒုတိယနေအိမ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပြည်နယ်၊ ဖို့ဝိန်းမြိုံတော်ကနေ အင်ဒီယာနာပူလိစ်မြို့တော်ကို ခရီးတထောက်ဝင်ပြီး လေယာဉ်နဲ့ မြန်မာပြည်သို့ သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခင် ပထမတခေါက် အိမ်ပြန်ခရီးစဉ်မှာ ရန်ကုန်မြို့တော်နဲ့ အနီးတ၀ိုက်မှာ ဂီတခရီးစဉ်တွေ ဖျော်ဖြေပွဲတွေနဲ့ ဖြတ်သန်းခဲ့ပြီးနောက် ယခုဒုတိယခရီးစဉ်မှာတော့ မြန်မာပြည်အထက်ပိုင်းမှာ ပရိသတ် ကို တွေ့ဆုံဖျော်ဖြေရန်အတွက် ဂီတခရီးစဉ်တခု စီစဉ်ဖြစ်မယ်လို့ သိရပါတယ်။

မုံရွာမှာ ဇွန်လဆန်း ၁ပွဲ၊ ဇွန် လလယ်မှာ မန္တလေးမှာ ၁ ပွဲ သီဆိုဖို့ ရှိတယ်။ မြန်မာပြည်အထက်ပိုင်းမှာ မြို့မဂီတအဖွဲ့နဲ့ သီဆိုဖြစ်မယ်လို့ သိရပါတယ်။ ပထမခရီးစဉ်မှာ မာမာအေး ကိုယ်တိုင်ဆိုခဲ့တဲ့ သီချင်းတွေ သီဆိုခဲ့ပြီးသည်အထက်အညာဂီတခရီးစဉ်မှာတော့ မြို့မဂီတအဖွဲ့နဲ့အတူ မြို့မတေးတွေ သီဆိုဖြစ်လိမ့်လို့ ကြားသိရပါတယ်။ အသေးစိတ်နဲ့ ပတ်သက်ပြီးတော့ ဒေါ်မာမာအေး မြန်မာပြည်ပြန်ရောက်ပြီးနောက် မေလ ၂၀ ရက်ခန့်မှာ စာနယ်ဇင်းများနဲ့ တွေ့ဆုံပွဲ ကျင်းပပြီး အသိပေးပြော ကြားမယ်လို့ ဆိုပါတယ်။

“ဒီနှစ်ဆန်းမှာ အမေရိကန်ပြည်ထောင်စုကို ပြန်လာခဲ့ဖြစ်တာက ကျန်းမာရေးကိစ္စတွေ အပြင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိသရရဲ့ ကျောင်းဖွင့်ပွဲတော်မှာ ကုသိုလ်ယူပြီး ဖျော်ဖြေဖို့ အတွက်လည်း ပါတယ်။ ဧပြီလထဲမှာ ဖြစ်မယ်လို့ ဆိုပေမယ့် အခုတော့ အချိန်အပြောင်းအလဲရှိနေတာမို့ မြန်မာပြည်ကို မေလမှာ သွားဖြစ်ပြီ”
လို့ ဒေါ်မာမာအေးက ရှင်းပြပါတယ်။

မြန်မာပြည်ပြန်နေတဲ့ကာလအတွင်းမှာ ဒေါ်မာမာအေးရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေတာမို့ အသက် ၇၁ နှစ်ပြည့် အထိမ်းအမှတ်နဲ့
မြန်မာပြည်ကို ရောက်ရှိနေချိန်မှာ ဘယ်လိုမျိုး အစီအစဉ်ရှိ သလဲလို့ မေးမြန်းရာမှာ …

“ဒီနှစ်က မြန်မာလို မွေးနေ့၊ မွေးရက် တိုက်တယ်။ အဲသည်အတွက် အစဉ်ပြုလုပ်နေကြ အလှူဒါန ဆွမ်းဒါနတွေ ပြုဖြစ်မယ်လို့ ထင်ပါတယ်” လို့ ဖြေကြားသွားပါတယ်။

ပထမအကြိမ် မြန်မာပြည်ခရီးစဉ်မှာ ဒေါ်မာမာအေးက သူရဲ့ “ပြောပြစရာတွေလည်း တပုံကြီး …” ဘီဘီစီအသံဆောင်းပါးတွေကို စာအုပ်နဲ့ စီဒီ ပထမပိုင်း ထုတ်ဝေခဲ့ပါတယ်။ ဒုတိယခရီးစဉ်မှာလည်း စာအုပ်ထုတ်ဝေဖို့ ပြင်ဆင်ထားတာတွေ ရှိသလားလို့ မေးမြန်းခဲ့ရာမှာ …

“ပထမစာအုပ်ကို အသံစီဒီနဲ့ ထုတ်ဝေတဲ့ဆီမှာ စာနဲ့ အသံနဲ့ တွဲဖတ်ကြရအောင် နားဆင်ကြရအောင် ထုတ်ခဲ့တာ။ အခုပြန်ကြားရတာက အသံစီဒီကို လူတချို့က ခိုးကူးပြီး ဖြန့်နေတယ်ဆိုတော့သောတရှင်တွေ
အတွက်ကော စာရေးသူတွေအတွက်ပါ အနုပညာရသ အပြည့်အ၀ပေး ခွင့်မရတော့ဘူးပေါ့။ အဲသည်လိုမျိုး ဆက်မဖြစ်အောင် အားလုံးနဲ့ တိုင်ပင်ဆွေးနွေးလိုပါတယ်။” လို့ ဒေါ်မာမာအေးက ပြောကြားသွားပါတယ်။

Moe Ma Kha

သူ့ သီချင်းလေးတွေကလည်း ချို တယ်......


တစ်ချိန်က.....တေးရေး / တေးဆို ဖိုးချို

ဓာတ်ပုံ - ကို ကိုင်ဇာ

သီပေါမင်း၏ အရိုးအိုး ပြန်သယ်ရန် အနွယ်တော် များက သဘောတူ






မြန်မာ ကုန်းဘောင် မင်းဆက်၏ နောက်ဆုံးမင်း ဖြစ်သော သီပေါမင်း၏ အရိုးအိုးကို ပြည်တော် ပြန်သယ်ယူရန် အတွက် သီပေါမင်း အနွယ်တော် များက သဘော တူသော်လည်း ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် ပြီးမှသာ ပြန်လည် သယ်ယူရန် အကြံပြု ပြောကြားကြောင်း သီပေါမင်း၏ မြေးတော် တစ်ဦးဖြစ်သူ ဒေါ်ဒေ၀ီသန့်ဇင် က ပြောကြားသည်။

““ပြန်လည်သယ်ယူ မှာကိုတော့ သဘော တူပါတယ်။ ဒါပေမဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အရင်တည်ဆောက် စေချင်ပါတယ်၊ ငြိမ်းချမ်းရေး ရှိမှသယ်တော့ အဓိပ္ပာယ် ပိုရှိတာပေါ့””ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ သီပေါမင်း၏ အရိုးအိုး ပြန်လည် သယ်ယူရန် အဖွဲ့ မဖွဲ့စည်း ရသေးကြောင်း၊ ယင်းကိစ္စမှာ ယဉ်ကျေးမှု ၀န်ကြီး ဌာနနှင့် မဆိုင်ကြောင်း ယဉ်ကျေးမှု ၀န်ကြီး ဌာနရုံး အဖွဲ့မှူးက ပြောဆိုသည်။ ထိုသို့ ပြန်လည် သယ်ယူရာတွင် အစိုးရ အဖွဲ့၏ စီမံချက် ဖြင့်သာ သယ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ကုန်းဘောင် မင်းဆက်၏ နောက်ဆုံး မင်းဖြစ်သော သီပေါမင်းသည် တတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီး ၁၈၈၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် အိနိ္ဒယ နိုင်ငံသို့ ပါတော် မူသွားပြီး ယင်းနိုင်ငံ ရတနာဂီရိ တွင်ပင် နတ်ရွာစံတော် မူခဲ့သည်။ မိဖုရား ဖြစ်သော စုဖုရား လတ်မှာ မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ရန်ကုန်မြို့တွင် နတ်ရွာစံကြောင်း သိရသည်။

ယင်းသီပေါမင်း၏ အထိမ်းအမှတ် အုတ်ဂူနှင့် အိမ်တော်သို့ တာဝန် ရှိသူများ သွားရောက် ကြည့်ရှုခဲ့ပြီး နောက်ပိုင်းတွင် သီပေါမင်း၏ အရိုးအိုး ပြန်လည် သယ်ယူရေး ကိစ္စမှာ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။


http://bit.ly/18K3JpD

မြဝတီ

Home » News » Local » Education



» မေလ နောက်ဆုံးပတ်တွင် တစ်နိုင်ငံလိုင်း အတိုင်းအတာနှင့် ကျောင်းအပ် လက်ခံ သွားရန်ရှိ
မေလ နောက်ဆုံးပတ်တွင် တစ်နိုင်ငံလိုင်း အတိုင်းအတာနှင့် ကျောင်းအပ် လက်ခံ သွားရန်ရှိ

ယခု ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ် အားလုံးမှာ လှုပ်ရှား ဆောင်ရွက် သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျောင်းအပ် လက်ခံရာ မှာလည်း ပညာရေး ၀န်ကြီးဌာနမှ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ အားလုံးကို ကျောင်းသုံး စာအုပ် အပြည့်အစုံနဲ့ လေ့ကျင့်ခန်း စာအုပ် ၆ အုပ်စီ အပြင် ငွေကျပ် တစ်ထောင်စီ ကိုပါ ယခုနှစ်မှာ ထောက်ပံ့ သွားမှာ ဖြစ်တယ်လို့ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ယခု ပညာသင်နှစ် အတွင်း ပညာရေး စီမံခန့်ခွဲမှု အဆင့်ဆင့်ရှိ တာဝန်ရှိ သူများနဲ့ ဆရာ၊ ဆရာမများ မှလည်း အတန်းစဉ် အလိုက် ကျောင်းသားများ ကျောင်းတက်ရောက် သင်ယူနိုင်ရေး အပြင် ကျောင်းပျက်နဲ့ ကျောင်း ထွက်နှုန်း လျော့နည်း ကျဆင်းရေး တို့ကိုပါ ကြပ်မတ် ဆောင်ရွက် သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

မူလတန်း အဆင့် ပညာရေးမှာ မသင်မနေရ အခမဲ့ စနစ် အနေနဲ့ စမ်းသပ် အကောင်အထည် ဖော်မှုကို ပဲခူးတိုင်း ဒေသကြီး အရှေ့မှ ရေတာရှည် မြို့နယ်၊ မန္တလေး တိုင်းဒေသကြီးရှိ မဟာအောင်မြေ မြို့နယ်၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ ဆိပ်ကြီးခနောင်တို မြို့နယ် တို့မှာ မူလတန်း အရွယ်ကလေးငယ် တစ်ယောက် မကျန် သင်ကြားနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

mrtv 4

မန်း-၃၅လမ်း၇၇+၇၈ကြား၁၅း၅း၂၀၁၃နေ့လည်၁း၁၅အခြေအနေ။


မန်း-၃၅လမ်း၇၇+၇၈ကြား၁၅း၅း၂၀၁၃နေ့လည်၁း၁၅အခြေအနေ။

ကိုယ်အလေးချိန် လျှော့ချရေး သဘာဝ နည်းလမ်း ၁၀ ဖြာ





*************************************

သင့်ကျန်းမာရေး အတွက် ကိုယ်အလေးချိန် လျှော့ချရေး သဘာဝနည်းလမ်း ၁၀ ဖြာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁)အသီးအနှံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် တွေဟာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့ သူတွေဟာ ဒီအစားအစာ တွေကို မကြာခဏ ပိုစား သင့်ပါတယ်။

၂။ဆားဟာ ခန္ဓာကိုယ် အလေးချိန် တိုးမြင့်ရတဲ့ အဓိက အကြောင်းတစ်ရပ် ဖြစ်တာကြောင့် ဆားအလွန်အကျွံ စားသုံးခြင်း ကလည်း ရှောင်ကျဉ် ရပါမယ်။

၃)နို့ထွက် ပစ္စည်းတွေ ဖြစ်တဲ့ ဒိန်ခဲတွေ ထောပတ်တွေ ဟာလည်း အဆီဓာတ် ကြွယ်ဝတာကြောင့် ရှောင်ကျဉ် သင့်ပါတယ်။ အသားနဲ့ အသီးအရွက် မဟုတ်တဲ့ အစားအစာ တွေကိုလည်း ရှောင်ကျဉ် သင့်ပါတယ်။

၎)ဂျင်းစိမ်း၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းမှုန့် စတာတွေဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ နည်းလမ်း အမျိုးမျိုးနဲ့ အသုံးဝင်ပါတယ်။

၅)ဘူးခါးမျိုး တွေနဲ့ ဒန့်ဒလွန်သီး တွေလို အသီးအနှံ မျိုးတွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အသုံး တည့်ပါတယ်။

၆)ပျားရည် သောက်သုံးခြင်းဟာ အကောင်းဆုံး အိမ်တွင်းဖြစ် ကိုယ်အလေးချိန် လျှောချရေး နည်းလမ်း တစ်ရပ်ဖြစ်ပါတယ်။ ပျားရည်ဟာ ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ အဆီပိုတွေကို ပုံမှန် လုပ်ငန်းတွေမှာ သုံးနိုင်တဲ့ စွမ်းအင်အဖြစ် ထုတ်ယူ အသုံးပြုနိုင်အောင် လုပ်ဆောင် ပေးပါတယ်။ ပျားရည်ကို စတင် သောက်သုံးတဲ့ အခါမှာ ထမင်းစားဇွန်း တစ်ဇွန်း အပြည့်လောက် ပမာဏကို ရေနွေးနဲ့ စသောက်သင့်ပါတယ်။ မနက်ပိုင်းမှာ သောက်တာက ပိုကောင်းပါတယ်။ ပြီးရင် လတ်ဆတ်တဲ့ ရှောက်သီး ဖျော်ရည် လက်ဘက်ရည်ဇွန်း တစ်ဇွန်းလောက် ကိုလည်း ထပ်သောက် ရပါမယ်။

Read Mroe == > http://myawady.com.mm/health/preventing/item/10718-2013-04-03-13-41-21

မြ၀တီ

Flash Song အမြန်လုပ်ချင်သူများအတွက် မူရင်းဖိုင် အချစ်နဲ့ ဘဝ






ဒီသီချင်းလေးကိုတော့ သူငယ်ချင်းတစ်ယောက် လုပ်ထားတာပါ ။ တိုက်ဆိုင်သူတွေ

အလွယ်ပြန်သုံးနိုင်ဖို့  မူရင်းဖိုင်ကို ပါ သူက ပို့ ပေးထားပါတယ်

အောက်ကလင့်မှာ ။ဒေါင်းလုပ်ယူလိုက်ပါ

http://www.zwmnna.com/2013/05/flash-song.html


Flash Song အမြန်လုပ်နည်း

( ၁ ) မူရင်း ဖိုင်ကို ဒေါင်းလုပ်ယူလိုက်ပါ

( ၂ ) ယူထားသောဖိုင်ကို Max- 4 ဆော့ဝဲဖွင့်ပြီး File = Open ကနေထည့်ပါ

( ၃ ) သီချင်းရောက်လာပြီဆို မေးလိပ်စာကို မိမိနာမည်ပြင်ရန် T ပုံလေးနှိပ်ပြင်

( ၄ ) နာမည်ပြင်ပီးလျှင် File = Export = Swf ထုတ်လိုက်ရင် ရပါပြီ.....။


ဆော့ဝဲ မရှိရင် ဒီမှာ - Swish Max 4 Download Link

http://www.zwmnna.com/2012/09/flash-song-max-4-full.html



အင်စတော လုပ်နည်းက - Swish Max 4 install Guide

http://www.zwmnna.com/2012/10/flash-song-max-4.html