Wednesday, May 15, 2013

တစ်ခါတလေများ




တစ်ခါတလေများ နင့်အပြုအမူတွေက
ငါ့ကို အလေးအနက်မထားတတ်တာလား...????

တစ်ခါတလေများ ငါက နင့်ရဲ့ ဂရုစိုက်မှုတွေကို
မျှော်လင့်နေတယ်ဆိုတာ မေ့နေတတ်တာလား.....????

တစ်ခါတလေများ ငါ သ၀န်တိုနေတတ်တာ
နင့်ကို အရမ်းချစ်လို့ ဆိုတာ နင်မေ့သွားတာလား...????

တစ်ခါတလေများ ငါ နင့်ကို စိတ်ဆိုးသွားတဲ့အချိန်ဆို
နားလည်မှုမပေးနိုင်ဘူးလို့  နင်ထင်နေတာလား....????

ဒါပေမဲ့လဲ ချစ်သူရယ်... အမြဲတမ်းအရှုံးပေးနေတတ်တဲ့ငါလဲ
တစ်ခါလေတော့ နင့်ဘက်ကဆိုတဲ့ တန်ပြန်မှုလေးကို
မျှော်လင့်နေမိတာပေါ့ ချစ်သူ..........





khin myo aye

No comments:

Post a Comment