Tuesday, April 23, 2013

အမေရိကန်နိုင်ငံရေးသိပ္ပံ ကျောင်းသားတဦး မေးတာကို ဒေါ်အောင်ဆန်းစုကြည်က ဒီလိုဖြေတယ်




အမေရိကန်နိုင်ငံရေးသိပ္ပံ ကျောင်းသားတဦး မေးတာကို
ဒေါ်အောင်ဆန်းစုကြည်က ဒီလိုဖြေတယ်။ကောင်းလိုက်တဲ့ ပညာရှိတစ်ယောက်ရဲ့လက်တန်းပြန်ဖြေလိုက်တဲ့အဖြေ.
ပါဘဲ။လေးစားပါတယ်ခင်ဗျား။။

(မေး) တချိန်တည်းမှာ အစိုးရနဲ့ သဘောထား ကွဲလွဲသူ၊ တချိန်တည်းမှာပဲလွှတ်တော်အမတ် တဦး အနေနဲ့ အတွေးအမြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါသလား ။

(ဖြေ) “ပြောရမယ်ဆိုရင် ရှင်ထင်သလိုမျိုး ဖြစ်တာပေါ့ ရှင်။ ဒါကတော့ ဒီနှစ်ခုကြားမှာ အပီအပြင်ကို သဘာဝကျကျ အပြောင်းအလဲ ပေါ့။ အစိုးရနဲ့ သဘောထား ကွဲလွဲ
သူ ဆိုတာ တသက်လုံးတော့အစိုးရနဲ့ သဘောထားကွဲ မနေကြပါဘူး။ ကျမတို့က အစိုးရနဲ့ သဘောထားကွဲလွဲ သူတွေ ဖြစ်နေကြတဲ့ အကြောင်းရင်းက အစိုးရနဲ့
သဘောထား မကွဲချင်ကြလို့ပါ။ ဒါဟာ တကယ်ပါ။ ကျမဟာ လွှတ်တော်အမတ် တယောက်အဖြစ်နဲ့ အချိန်တွေကို အသုံးချနေရတာကို ကျမ ထင်ထားတာထက်
ပိုပြီး ပျော်ရွှင်ကျေနပ် မိပါတယ်။ လွှတ်တော်အမတ် တယောက်
ရဲ့ အလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတာကို သိလာလေလေ၊ ဒီအလုပ်အပေါ်မှာ ပျော်ရွှင် နှစ်သက်စရာတွေတပုံတခေါင်းကို
ဖြစ်လာလေလေပါပဲ။ ကျမတို့မှာ ဒီလမ်းကြောင်းအတိုင်းပဲ သွားသင့်ပါတယ်။ ဒီတော့ အစိုးရနဲ့ သဘောထား ကွဲလွဲသူ ဆိုတာ ပီပီပြင်ပြင်သဘောထားကွဲလွဲတဲ့professionalအတိုက်အခံအမြဲဖြစ်နေရမယ်လို့ ကျမကတော့ မယုံကြည်ပါဘူး။”..



No comments:

Post a Comment