Sunday, April 21, 2013

တန်ဖိုးနည်းဖုန်း ရောင်းချမည့်အစီအစဉ်

ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ တန်ဖိုးနည်းဖုန်း ရောင်းချမည့်အစီအစဉ် (အပြည့်အစုံဖော်ပြချက်)
====================================================================================

၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။

၂။ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။လစဉ်မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကိုပြည်နယ်နှင့်တိုင်းဒေသကြီးများ သို့ခွဲဝေရောင်းချသွားမည်ဖြစ်ပါသည်။

၃။စတင်ရောင်းချသည့်မိုဘိုင်းဖုန်းအမျိုးအစားမှာ CDMA 800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။နောင်လများတွင် GSM(2.75 G) WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီးရောင်းချမည့်အစီအစဉ်ကို ထပ်မံကြေငြာပါမည်။

၎။ CDMA-800MHz စနစ်စက်ပစ္စည်းများတပ်ဆင်ထားခြင်းမရှိသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် WCDMA 3G ဖုန်းများကိုနှုန်းထားတူ ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။

၅။ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့်အမှန်တကယ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ရောင်းချခြင်းဖြစ်ပါ သဖြင့်ဖုန်းကဒ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်း SIMCard တွင် မူလထည့်သွင်းပေး ထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ်တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။ဖုန်းကဒ်အားအခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းခြခြင်းမှ ကာကွယ်ရန် အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

၆။စက်တန်ဖိုး စက်တပ်ဆင်မှုတန်ဖိုး ကုန်ကျစရိတ်များကို တယ်လီဖုန်းပြောဆိုခများမှပြန်လည်စုစည်းကောက်ခံရမည်ဖြစ်ပါသဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများကိုလစဉ် ကြိုတင်ငွေဖြည့်ကဒ်ဖြင့်ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံးသုံစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။နှစ်လပြည့်သော်လည်းကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိဖြတ်တောက်သွားပါမည်။တယ်လီဖုန်း SIM ကဒ်တွင်ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

၇။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူအခြားလိုင်စင်ရ အော်ပရေတာများမှ နိုင်ငံတ၀ှမ်းလုံး၇ှိပြည်သူများ ဆက်သွယ်သုံးစွဲနိုင်ရန် လုံလောက်သော မိုဘိုင်းဖုန်းများကို တိုးချဲ့တပ်ဆင်ပြီးစီးပါက မည်သည့်ကန့်သတ်ချက်မျှ မရှိတော့ဘဲ လွတ်လပ်စွာရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

No comments:

Post a Comment