Tuesday, April 30, 2013

ပါးနပ်လိမ္မာတဲ့ မိန်းမ



ခပ်နုံနုံ မိန်းမတွေက ယောက်ျားပြောသမျှ အားလုံးကို ယုံကြည် လက်ခံကြတယ်။
ပါးနပ်တဲ့ မိန်းမတွေက အကိုးအကား စုံစုံလင်လင်နဲ့ ဆင်ခြေပေးတတ်ကြတယ်။
ခပ်နုံနုံမိန်းမတွေက ယောက်ျားရဲ့ တာဝန်မကျေမှုကို ပြစ်တင် ရှုပ်ချလေ့ ရှိတယ်။



ပါးနပ်တဲ့ မိန်းမက တာဝန်ကျေတဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် လမ်းကြောင်းခင်းပြတယ်။

ခပ်နုံနုံမိန်းမတွေက ယောက်ျားနဲ့ ဖက်ပြီး စကားများ ရန်ဖြစ်တယ်။

ပါးနပ်တဲ့ မိန်းမတွေက လင်ယောက်ျားက မိမိအပေါ် ဘယ်တော့မှ ရန်စကားမပြောအောင် သိမ်းသွင်းတယ်။

ခပ်နုံနုံမိန်းမတွေက ဒီနေ့အတွက်ပဲ စဉ်းစားတယ်။

ပါးနပ်တဲ့ မိန်းမတွေက မနက်ဖြန်အတွက်လည်း ကြိုတင် အကွက်ချတယ်။

ပါးနပ်လိမ္မာတဲ့ ယောက်ျား
******************

ခပ်နုံနုံ ယောက်ျားပာာ မိန်းမကို ရိုက်နှက်တယ်။

ပါးနပ်တဲ့ယောက်ျားပာာ နားဝင်အောင် ဆုံးမတယ်။

ခပ်နုံနုံယောက်ျားပာာ မိန်းမအပေါ် အပြစ် ပုံချတယ်။

ပါးနပ်တဲ့ယောက်ျားပာာ အမှားကို ၀န်ခံသလို အပြစ်ကိုလည်း တာဝန်ယူတယ်။

ခပ်နုံနုံယောက်ျားပာာ ကံအပေါ် ပုံချတယ်။

ပါးနပ်တဲ့ ယောက်ျားပာာ ကံကို ပြုပြင်တယ်။

ပြည်ငြိမ်း

No comments:

Post a Comment