Tuesday, April 23, 2013

မိသားစု


တစ်နေ့မှာ လူစိမ်းတစ်ယောက်နဲ့ ကျွန်မ လမ်းမှာ မတော်တဆတိုက်မိတယ်။ ကျွန်မကလည်းအိုကျွန်မကိုခွင့်လွတ်ပါ လို့ ပြောလိုက်တယ်။ အဲဒီ လူစိမ်းကလည်း ကျွန်တော်ကမကြည့်လိုက်မိတာပါ၊ ခွင့်လွတ်ပါဗျာ လို့ ပြန်ပြောတယ်။ အဲဒီသူစိမ်းနဲ့  ကျွန်မကအရမ်းကို ယဉ်ကျေးစွာနဲ့ လမ်းခွဲလိုက်ကြတယ်။

ဒါပေမယ့်အိမ်မှာကျွန်မတို့ ချစ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ ကျတော့ အရမ်းကို ကွာခြားသွားပြီ။အဲဒီနေ့ ညနေမှာ ကျွန်မညနေစာကို ချက်ပြုတ်ပြင်ဆင်နေတဲ့အခါမှာ ကျွန်မသားလေးကကျွန်မလေးမှာ ငြိမ်ငြိမ်လေးလာရပ်နေတယ်။ ကျွန်မ အနောက်ကိုလှည့်လိုက်တော့ သူ့ ကိုတိုက်မိတော့မလိုဖြစ်သွားတယ်

ကျွန်မကလည်းမျက်မှောင်ကြုပ်ပြီး ရှေ့ ကနေဖယ်စမ်း လို့ ပြောလိုက်တယ်။ သားလေးက စိတ်မကောင်းစွာနဲ့ ထွက်သွားပေမယ့် ကျွန်မကတော့ သားကိုပြင်းပြင်ထန်ထန်ပြောမိသွားတယ်ဆိုတာကို သတိမထားမိဘူး။ ညဘက် ကျွန်မအိပ်ရာပေါ်မှာလှဲနေတဲ့အချိန်မှာ ဘုရားသခင်ရဲ့ အသံတော်ကို တိုးတိုးလေးကြားလိုက်တယ်။အသံတော်ပြောတာက သူစိမ်းနဲ့ ဆက်ဆံတဲ့အခါမှာကျတော့ ယဉ်ကျေးသိမ်မွေ့ ပြီးတော့၊ကိုယ်ချစ်တဲ့ကိုယ်သွေးသားနဲ့ ဆက်ဆံတာကကျတော့ ဘာလို့ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရတာလဲတဲ့။

မီးဖိုချောင်ကြမ်းပြင်ကိုသွားကြည့်လိုက်ပါဦး။ တံခါးနားမှာ ပန်းတွေကျနေတာကို တွေ့ လိမ့်မယ်။အဲဒီပန်းလေးတွေကို သမီးကို ပေးဖို့ အတွက် သူကိုယ်တိုင်ခူးလာတာပါ။ အပန်းရောင်၊အ၀ါရောင်နဲ့ အပြာရောင်တွေ စုံလို့ ပေါ့။ သမီးကို အံ့သြသွားစေချင်လို့ သူတိတ်တိတ်လေးရပ်နေရှာတာပါ၊ သူ့ မျက်ဝန်းထဲက မျက်ရည်တွေကို သမီးတခါမှ မမြင်ဘူးမလားလို့ အသံတော်က ဆက်ပြောတယ်။

အဲဒီအချိန်မှာကျွန်မက အရမ်းကို စိတ်မကောင်း၊ သိမ်ငယ်စိတ်ဝင်လာပြီးတော့ ကျွန်မရဲ့ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာတယ်။ ပြီးတော့ ကျွန်မ သားလေးအိပ်ရာနားဆီကို တိတ်တိတ်လေးသွားပြီးအိပ်ရာဘေးမှာ သွားဒူးထောက်လိုက်တယ်။ ထပါဦးသားလေးရယ်၊ ဒီပန်းလေးတွေက မေမေ့အတွက်သားလေးခူးလာပေးတာလားလို့  ကျွန်မ သားကို ပြောလိုက်တယ်။ သားလေးက ဒီပန်းတွေကိုဟိုးအပင်နားမှာ တွေ့ တာမေမေ၊ ပန်းလေးတွေက မေမေ့လိုပဲ အရမ်းလှလို့ သားခူးလာတာပါတဲ့။မေမေက အထူးသဖြင့် အပြာရောင်ပန်းလေးတွေကို ကြိုက်မယ်ဆိုတာကို သားသိတယ်လေတဲ့။

ကျွန်မက မေမေဒီနေ့ သားကို ပြူမူလိုက်တဲ့ အမူအရာ အတွက် တောင်းပန်ပါတယ်ကွယ်၊ သားကိုမေမေ အဲလို မအော်သင့်ပါဘူး လို့ ပြောတော့ သားလေးက ရပါတယ်မေမေရယ်၊ မေမေ့ကိုသားချစ်တယ်တဲ့။ ကျွန်မကလည်း သားကိုလည်း မေမေချစ်တာပေါ့။ နောက်ပြီး သားခူးလေပေးတဲ့ဒီအပြာရောင်ပန်းလေးကိုလည်း မေမေအရမ်းကြိုက်ပါတယ်ကွယ်လို့ သားကို ပြန်ပြောလိုက်တယ်။


ဒီကဗျာလေးမှာဖော်ပြထားတာကတော့ ကျွန်မတို့ ဟာ ကျွန်မတို့ နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေအပေါ်ဆိုရင်ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ဆက်ဆံတတ်ပေမယ့် ကျွန်မတို့ချစ်ခင်တဲ့လူတွေအပ်ါမှာတော့ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိတယ်ဆိုတာကို မီးမှောင်းထိုးပြနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့် ကျွန်မတို့ချစ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ယဉ်ကျေးချိုသာစွာပြောဆိုဆက်ဆံချင်းဖြင့် ကျွန်မတို့ ရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင်ပြုပြင်ကြရအောင်နော်။

Family ဆိုတဲ့ ကဗျာလေးကို ပုံပြင်ပုံစံလေးပြန်ဆိုပေးထားတာပါ။ မူရင်း အင်္ဂလိပ်လိုလည်းထည့်ပေးထားပါတယ်။
စနိုး

No comments:

Post a Comment