Sunday, April 21, 2013

ဲမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်




၁၅၀၀ ကျပ်တန်ဖုန်းဆင်းမ်ကဒ်တွေထွက်လာတော့မယ်ဆိုတော့..အခြေခံလူတန်းစားတွေအတွက် အဆင်ပြေသွားတာပေါ့..အချို့ရှိတယ်..ဆင်းမ်ကဒ်တွေဈေးကြီးလို့တဲ့.မ၀ယ်နိုင်ပါဘူးတဲ့.၊သူများဖုန်း

ဆက်တာကိုပဲငေးပြီး..အော်ကိုယ်တို့တွေဘယ်တော့များမှဒီလိုဖုန်းလေးကိုင်ရပါ့မလဲတဲ့..အဲလိုညီးညူ

ခဲ့ကြတယ်..အခုတော့..ပြောင်းလဲလာတဲ့အစိုးရသစ်တစ်ရပ်ရဲ့စွမ်းဆောင်မှုကြောင့်..၁၅၀၀တန်ဖုန်းဆင်းမ်ကဒ်တွေ

ဧပြီ(၂၄)ဆိုလူတွေလက်ထဲရောက်လာတော့…ကံဆိုးထဲကကံကောင်းတစ်ခုလိုပဲဆိုမလား…ကံကောင်း

ထဲကကံဆိုးတစ်ခုလိုပဲဆိုမလား….၁၅၀၀ဖုန်းဆင်းမ်ကဒ်တွေက CDMA 800 တွေဖြစ်ပြီး အရင်ရောင်းချပေးတဲ့ CDMA 800 တွေလိုမျိုးprepaid card နဲ့ထည့်လို့မရဘူးပြန်ဘူးတဲ့။ ပြီးတော့သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကလည်းများပါ့..။နောက်ပြီး ဖုန်းဆင်းမ်ကဒ်တွေက တအားကိုနည်းသွားတော့…စကားပြောလာမှာက ဟမ်းဆဒ်တွေပဲ…။၁၅၀၀ဖုန်းဆင်းမ်ကဒ်ကို အခြေခံလူတန်းစားတွေအဖို့ဝယ်နို်င်တယ်ဆိုပေမယ့် ..ငွေကျပ်၄၀၀၀၀ နဲ့အထက်မှကောင်းကောင်းလေးရနိုင်တဲ့ ဟမ်းဆဒ်ကို သူတို့တွေများဝယ်နိုင်ပါ့မလားလို့ ကျွန်မစိုးရိမ်မိပြန်တယ်..။ပြီးတော့လဲ..ရနိုင်တဲ့ဆိုင်များကိုလည်းဖော်ပြထားပါသေးတယ်….ဆိုင်တွေ


ကိုပြေးရှာရမှာလဲတစ်ဒုက္ခ၊..ဘာပဲဖြစ်ဖြစ်သူတို့လေးတွေနိုင်ငံတကာအဆင့်မှီ ဖုန်းကိုင်နိုင်ပြီဆိုတော့..၀မ်းသာစရာပါပဲလေ…..၊ဟိုတစ်လောကလူကြီးမင်းဖုန်းဆိုင်မှာလုပ်သလိုမျိုး

ဟမ်းဆဒ်ကိုဈေးနည်းလို့ဆိုပြီးလိုချင်ကြတဲ့လူတွေတစ်ပုံတစ်ပင်ကြီးတိုးကြဝှေ့ကြနဲ့ဆိုင်ကမှန်တွေ

တောင်ကွဲသွားတယ်ဆိုပဲ..ဂျာနယ်ထဲမှာကျွန်မဖတ်လိုက်ရတယ်..။အခုလည်းအရမ်းကြီးတိုးမကြိတ်ကြပါစေနဲ့လို့ပဲမျှော်လင့်ရပါမယ်..








၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA – 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA – 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။


MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA – 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။
ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA – 800MHz မိုဘိုင်း တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်။


ငွေဖြည့်ကတ်

No comments:

Post a Comment