Tuesday, April 23, 2013

လှိုင်သာယာမြို့နယ်တွင် အာဂန္တုဘုန်းကြီးတစ်ပါးအား မူဆလင်ညီနှစ်ဦးမှ ဓါးခုတ်မှုဖြစ်ပွား




လွန်ခဲ့သည့် ၃ နာရီအချိန်က လှိုင်သာယာမြို့နယ်တွင် ဗုဒ္ဒဘာသာအမျိုးသမီးတစ်ဦးနှင့် မူဆလင်အမျိုးသားတစ်ဦးတို့ ဆွဲလားရမ်းလား ရန်ဖြစ်နေသည်ကို နေပြည်တော်မှ ရန်ကုန်သို့ ခေတ္တကြွချီလာသော အာဂန္တုဘုန်းကြီးတစ်ပါးက ၀င်ရောက်ဖျန်ဖြေရာမှ မူဆလင်လူမျိုးနှင့်ပတ်သက်သူ အစ္စလာမ်ဘာသာဝင်နောက်တစ်ဦးပါ ၀င်ရောက်ပြီး အဆိုပါဘုန်းကြီးအား ဓါးဖြင့်ဝိုင်းဝန်းခုတ်ခဲ့သဖြင့် ဘုန်းကြီးနှင့် အမျိုးသမီး ဓါးဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ပို့ထားရကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်ပွားရာနေရာအား ရဲတပ်ရင်းမှ လုံခြုံရေးယူပေးထားကြောင်းလည်း ထပ်မံသတင်းရရှိသည်။အာဂန္တုဘုန်းကြီးအား ဓါးဖြင့်ခုတ်သူမှာ ၆ ရပ်ကွက်နေ ဇင်မျိုးလတ်( ခ ) အာရွတ်ခန်း ဆိုသူဖြစ်ကြောင်းသိရှိရ။ ညနေ ၆: ၃၀ ခန့်တွင် မြို့နယ် သံဃနာယကဆရာတော်ကြီးများ ရောက်ရှိလာပြီး ဒုရဲတိုင်းမှူးသက်လွင်နှင့်ဆွေးနွေးခဲ့ပြီးပြစ်မှုကျူးလွန်သူအား ဥပဒေနှင့်အညီ ဆောင်ရွက်ရန်သြ၀ါဒပေါ်ကြားဟုသိရပါသည်။(from myonyinyi)

No comments:

Post a Comment