Tuesday, April 23, 2013

DMA-800 တယ်လီဖုန်း မဲပေါက်သူတစ်ချို့ အမြတ်ဖြင့်ပြန်ရောင်းသူတွေရှိနေ သည်ဟုဆို




မုံရွာမြို့တွင် ယနေ့ CDMA-800 တယ်လီဖုန်းများကို ယနေ့ နေ့လည်ပိုင်းက မဲပေါက်သူများစာရင်းကို မုံရွာမြို့ မြို့တော်ခန်းတွင် ကြေငြောပေးထားကြောင်းသိ
ရပြီး မဲပေါက်သူတစ်ချို့ကလည်း အမြတ်ဖြင့်ပြန်ရောင်းသူတွေရှိတယ်လို့ မုံရွာမြို့ ခံတစ်ဦးကဆိုပါတယ်။
"အမြတ်ရလို့ ပြန်ရောင်းကြတယ် တစ်ချို့ဆိုရင် (၃၀၀၀၀ိ-/)သုံးသောင်းအထိရကြ တဲ့သူတွေရှိတယ်။တစ်ချို့ကြတော့ အပြင်ဖုန်း
အရောင်းဆိုင်တွေက ခိုင်းလို့လျှေက်ကြရတဲ့သူတွေရှိတယ်။သူတို့ကိုယ်တိုင်က ဖုန်းကိုင်တတ်တဲ့ အဆင့်မရှိဘူး အိမ်ထောင်စုဇယား မှတ်ပုံတင်ရှိတယ်။ ဖုန်းပေါက်ခဲ့ရင် (၅၀၀၀ိ-/)ငါးထောင်ပေးမယ်လို့ပြောပြီး ဖုန်းဆိုင်ကနေ သူတို့ ဘာသာ သူတို့ လျှေက်လွှာဖြည့် လျှေက်လွှာတင်ကြတယ်။
တယ်လီဖုန်းအပိုပစ္စည်းအရောင်းဆိုင်ကြီးတစ်ဆိုင်ဆိုရင် သူတို့ဆိုင်ကနေတင် လိုက်တဲ့လျှေက်လွှာဆိုရင် မဲအနှိုက်လွတ်တောင် ရတယ်။ဖုန်းအရောင်းဆိုင် အချင်းချင်းဆိုတော့ နာမည်ထုတ်ပြောလို့ မကောင်း လို့ပါ"ဟု ဆိုပါတယ်။

No comments:

Post a Comment