Saturday, April 20, 2013

LOLLL.... ဒေါသတွေ ထွက်ကုန်ပြီ တီစု ရ..... ဟိဟိ... ပုံက ရယ်ရတယ်...

ဒီကာတွန်းပုံလေးကို ယခင်အကြိမ်တွေ တွေ့ဖူးခဲ့တုန်းက သိပ်သတိမထားမိခဲ့ဘူး ။
မူရင်းရေးဆွဲသူ ဘယ်သူမှန်း တပ်မထားပေမယ့် ၊ အများစု ဖြန့်ချီနေ တာက မွတ်ဆလင် 
Acc တွေက ဖြန့်နေတာပါ ။ ရံဖန်ရံခါ ဆိုသလို ပေါ်ပေါ်လာတယ် ..... ။

ဒီတစ်ခါ သတိထားကြည့်မိလိုက်တော့မှ ကာတွန်းရုပ်ပြောင်ထဲက ငွေထုပ်ပိတဲ့ ဒါဏ်ကို 
မခံနိုင်တဲ့ ပုဂ္ဂိုလ်ဝတ်ထားတဲ့ အင်္ကျီအဖြစ်ရေးဆွဲထားတာ ပင်နီတိုက်ပုံပဲဗျ ...... ။
ဘယ်သူတွေကို ရည်ရွယ်သလဲ ဆိုတာခုမှ သဘောပေါက် လာခဲ့ရတယ် ..... ။

ပင်နီဝတ်တဲ့ လူတွေဟာ တချိန်တုန်းက ဘယ်လောက်ပဲ တွန်းတွန်း တိုက်တိုက်နှင့် 
အကာအရံအတားအဆီးတွေကို ရင်ကော့ပြီး ထိုးဖောက်ခဲ့ပေမယ့်လည်း ၊ ဒီနေ့ 
ဒီအချိန်မှာ ငွေထုပ်ပိတဲ့ ဒါဏ်ကို မခံနိုင်ပါဘူးဆိုပြီး အသားရေဖျက်ချင်တဲ့ သဘောကို
ရည်ရွယ်ထားပုံရတယ် ။ ဤနေရာမှာ နှစ်မျိုးတွေး စရာရှိလာတယ် ။ အကျိုးအမြတ်ကို
တွေနှင့် ကြုံတွေ့လာလျှင် ဒါဏ်မခံနိုင်ပါဘူးလို့ စွတ်စွဲ သိက္ခာချ လိုက်သလို ၊ နောက်
တစ်ခုက ငွေပေးပြီး စည်းရုံးလျှင် ရပါတယ် ဆိုတဲ့ သဘောကိုပြသပြီး ဝါဒဖြန့်နေတာလား 
ဆိုတာ စဉ်းစားစရာပါ ...... ။ 

ဒီလိုဆိုရင်ဖြင့် နိုင်ငံရေးဆရာကြီးတွေကလည်း ၎င်းတို့ရဲ့ အကာအကွယ်ပေးထားတဲ့ 
မွတ်ဆလင်တွေရဲ့ ထမင်းကျွေး ၊ နေရာပေးတဲ့ လက်ကို ပြန်ရန်ရှာ တတ်တဲ့  ဒီလိုမျိုး
စော်ကားမှုမျိုးကိုသာ မမြင်ချင်ယောင်ဆောင်ပြီး ရေလိုက်ငါးလိုက် နေချင်နေမယ် ။ 
အဲ ........ 
သူတို့အရှေ့များတော့ က္တွတိပိတော ဘဂဝါ အစချီပြီး ဘုရားဂုဏ်တော် ကိုးပါး ကို
ယောင် လို့သွားပြီး မရွတ်မိစေနဲ့ခင်ဗျ ..... ။

ခင်ဗျားကို အကြမ်းဖက်ဆိုပြီး ဘိလပ်လိုတွေနဲ့ မှုတ်ထုတ်လိုက်လို့ မျက်နှာပြန်သစ်နေရပါ
လိမ့်မယ် ..... ။

No comments:

Post a Comment