Tuesday, April 23, 2013

အူတက်အောင်ရီရသောဟာသများနဲ့အခြား




အူတက်အောင်ရီရသောဟာသများနဲ့အခြား


မျှော်ရှာသူ......
အရက်ဆိုင်တဆိုင်တွင်း သို့ လူတစ်ယောက်သည် အ၇က်သောက်ရန် ၀င်လေ၏။
ထိုအခါ သူငယ်ချင်းဖြစ်သူအား အရက်ခွက်ကို ရှေ့မှာ ချ ၍ ငိုင်တိုင်တိုင်နဲ့ ထိုင်နေသည်ကို အံအားသင့်စွာတွေ့ရလေ၏။

သို့ဖြင့် နုတ်ဆက်မေးရင်း.....

" ဟေ့ ကောင်ကြီး ငိုင်လှချည်လားဟ။ ဘာဖြစ်လို့လဲ ကွ။......." ဟုဆိုလိုက်၏။

သူငယ်ချင်း။ ။ဇူလိုင်လက ငါ့အမေသေတယ်ကွာ။ ငါ့အတွက် ငွေ သိန်း၂၀ ပေးရစ်ခဲ့တယ်ကွ။ နောက်တော့ သြဂုတ်လမှာ အဖေ ဆုံးပြန်ရော။

သူလဲ ငါ့အတွက် ငွေ သိန်း ၂၀ ချန်ထားခဲ့တယ်။

ထိုအခါ ..."..ဟာ......ဒါဆိုရင်။မင်းမိဘ နှစ်ဦး လုံး ရှေ့ဆင့် နောက် ဆင့် ဆုံးကြတာ ပေါ့။ကြားရတာ စိတ်မကောင်းစရာပဲကွာ " ဟု.....

နုတ်ဆက်မေးမြန်းသူက ပြောလေသည်။

ထိုအခါ....သူငယ်ချင်းမှ....

သူငယ်ချင်း။ ။ဒါကဘာဟုတ်သေးလည်း ။ကျန်ခဲ့တဲ့ လ ကလည်း ငါ့ အဒေါ်တစ်ယောက် သေသွားတယ်လေ။သူကလည်း ငါ့ကို ၁၀သိန်းပေးခဲ့ပါတယ်။

မေးမြန်းသူမှလည်း " ဟာာ...၀မ်းနည်းပါတယ်ကွာ " ဟု ဆိုလေ၏။

ထိုအခါ သူငယ်ချင်းဖြစ်သူ က အရက်ခွက်အားဆတ်ကနဲ ကောက်မော့ပီး...ဆက်ပြောလိုက်တာက.....

" ဒါပေါ့ကွာ.........အဲဒီအချိန်ကတည်း က ခုထိ ဘယ်သူမှ မသေသေး ဖူးလေ..."......တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ.....

Lon Ely.......


နောက်ဆုံးတော့ဒီဘူတာ......

အမျိုးသားကြီးတစ်ယောက်ဟာ လူနာတွေပြည့်နေတဲ့ အထူးကုဆေးခန်းတစ်ခုသို့ ၀င်လာ၏။

ပီးနောက်...လူနာ လက်ခံသည့် စာရေးမလေးရှေ့ သွားရပ်ကာ.....

" ဦးစာရင်းပေးချင်လို့ပါ။ ဦးရဲ့ ငယ်ပါမှာ ရောဂါရှိနေတယ် ထင်လို့လာခဲ့တာပါ " ဟု ပြောလိုက်သည်။

ထိုအခါ စာရေးမလေး မှ" ဒီလိုစကား မျိုး လူအများရှေ့ မှာ မပြောသင့်ပါဖူး" ဟု ပညာပေးလိုက်၏။

ထိုအမျိုးသားကြီးမှ...." .....ဒါဆေးခန်း ပဲလေ......ဒီလိုမပြောလို့ ကျုပ်...ဘယ်လိုပြောရမှာလဲဗျ.."......ဟု ပြန်ပြော၏။

စာရေးမလေးမှ.....

" ကျမတို့ ဒီနေရာမှာ...ဒီလို စကားလုံးမျိုးတွေ မသုံးပါဖူး.....ဒီတော့ ကျေးဇူးပြုပီး အပြင်ထွက်ပေးပါ။ ခဏနေတော့ ပြန်ဝင်လာပါ။

အဲဒီအခါကျရင်....ဥိးရဲ့ နားရွက် ဒါမှမဟုတ် အခြားတခုခုပေါ့ ဘာဖြစ်မှန်း မသိလို့ပါလို့ ပြောပြပါ။ဟုတ်ပြီ လား...ဦး..".....ဟု ဆို၏။

အမျီုးသားကြီးလည်း စာရေးမလေး ဆိုသည့် တိုင်း ဆေးခန်းပြင်ပ သို့ ထွက်သွာူး၏။

မိနစ် အတော်ကြာသော အခါ ပြန်ဝင် လာ၏။ထိုအခါ လူနာလက်ခံ သည့် ခုန က စာရေးမလေးသည် ပျူငှာစွာ ပြုံးလျက်.....

" ဟုတ်ကဲ့...ဘာ..ကူညီ ရမလဲ ဦး...."....ဟုဆို၏။

အမျီုးသားကြီး မှ..." .....ဦးရဲ့နားရွက် က ဘာဖြစ်နေမှန်းမသိဖူး မိန်းကလေး.."..ဟု.....ပြော၏။

စာရေးမလေးမှ သဘောပေါက်ဟန်ဖြင့် ခေါင်းကလေး ညိတ်ပီး.......

" ဦးနားရွက်က ဘာဖြစ်နေလို့လဲ " ဟု အလေးအနက်ထားဟန်ဖြင့် မေးလိုက်ရာ.....

ကျနော်တို့၏ အမျိုးသားကြီးပြန်ဖြေလိုက်တာက.....

" သေးပေါက်လို့မရဖူးလေ..."....ဟု မဆိုင်းမတွပြန်ဖြေလိုက်လေသတည်း။ ။

တိန်

ရီမောပျော်ရွှင်ပါစေ....

Lon Ely.......






မမြင်နိုင်တော့ပါ....
တခါက စိတ်ရောဂါကု ဆရာဝန် တဦးဟာ.....လူနာ တယောက်အားမေးမြန်းနေ၏။

ဆရာဝန်။ ။ ခင်ဗျားရဲ့ လက်ဝဲဘက် နားရွက်ကို ဖြတ်လိုက်ရင် ဘာဖြစ်သွားမလဲ...။

လူနာ။ ။ကျနော် ဘာသံမှ မကြားနိုင်တော့ဖူးပေါ့ဗျာ.......။

ဆရာဝန်။ ။ဒါဆိုရင်......လက်ယာ ဘက်က နားရွက်ကို ထပ်ဖြတ်လိုက်ရင်ကောဗျာ။

လူနာ။ ။ကျနော် ဘာမှ မြင်နိုင်တော့မှာ မဟုတ်ဖူး။

ဆရာဝန် လည်း တအံ့တသြ နှင့်မေးလိုက်သည်။

ဆရာဝန်။ ။အင်.....ဘာဖြစ်လို့လဲဗျ..။

လူနာပြန်ဖြေလိုက်တာက.....

လူနာ။ ။ နားရွက်နှစ်ဖက်မှ မရှိတော့တာ...ကျနော် မျက်မှန် တပ်လို့ ရတော့မှာမှ မဟုတ်တော့တာဗျာ။........တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ....Lon Ely....

No comments:

Post a Comment