Saturday, April 20, 2013

အိန္ဒိယနိုင်ငံမှာ ငါးနှစ်အရွယ် မိန်းကလေးကိုမုဒိမ်းကျင့်

အိန္ဒိယနိုင်ငံမှာ ငါးနှစ်အရွယ် မိန်းကလေးကို ဘေးကပ်ရပ်မှာ နေတဲ့လူက 
ပြန်ပေးဆွဲတဲ့ သူ့ တိုက်ခန်းမှာ ခေါ်သွားပြီး လေးရက်အတွင်းမှာ အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်လို့ သိရတယ်.. ခု ဆေးရုံမှာ တော်တော် အခြေအနေဆိုးတယ် ဖြစ်ဖြစ်ချင်းညမှာ အဲ့ဒီမိန်းကလေးရဲ့ မိဘတွေကို
ဒေလီရဲက လာပြီး ရူပီး ၂၀၀၀ ပေးတယ်တဲ့ မြန်မာငွေနဲ့ ၃ သောင်း ကျော်ကျော်လောက် ရှိမယ်ထင်ပါတယ် မုဒိမ်းမူနဲ့ အမူမဖွင့်ဖို့
ကိုယ့်ကလေးကိုပဲ ဂရုစိုက်ဖို့နဲ့ ပတ်ဝန်းကျင်ဆိုတာ ဘာမှ လုပ်မပေးနိုင်ဘူးလို့ ပြောသွားပါသတဲ့.. လောလောဆယ်တော့ ဒီပိုက်ဆံက လတ်တလော သုံးဖို့ လောက်ပါလိမ့်မယ်လို့ ပြောပြီး လစ်သွားပါတယ်လို့ ကောင်မလေးရဲ့ အဖေက ပြောသွားပါတယ်
 ဒေလီရဲတပ်ဖွဲ့ အကြီးအကဲကတော့ မဟုတ်ပါဘူးလို့ ငြင်းထားပါတယ်.... 
ရက်ရက်စက်စက် မုဒိန်းမူတွေ ခဏခဏ ဖြစ်တဲ့ အိန္ဒိယနိုင်ငံအတွက် အရှက်ရစရာပါ လူထုကတော့ ထုံးစံအတိုင်း ပေါက်ကွဲနေကြပါတယ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး အတုမယူနိုင်စေဖို့ ..

No comments:

Post a Comment