Saturday, April 20, 2013

ဟယ်လို






ဖုန်းကို ကောက်ကိုင်လိုက်တော့ ဟိုဘက်က မဟာကြောင်လားတဲ့။ ဟုတ်ပါတယ်ဆိုတော့ ဒီနေ့ဖွင့်လှစ်သွားတဲ့ လှည်းတန်းခုံးကျော်တံတားနဲ့ပါတ်သက်ပြီးဗျူးချင်လို့ပါတဲ့။ ဗျူးချင်ရင် ရွှေတောင်ဗျူး၊ YCDC ဗျူးပါဆိုတာ မရဘူး။ ဒီသူငယ်မ သတင်းထောက်ကလေးက မဟာကြောင့်ပဲ ဗျူးပါရစေရှန့် ဆိုတာနဲ့ ဗျူးခံလိုက်ပါသည်။


သတင်းထောက်။ ။ ဒီနေ့ ခုံးကျော်တံတားကို ဖြတ်ပြီးပါပြီလားရှန့်..

မဟာကြောင်။ ။ ပြီးပါပြီ.. ၂ခါပါ.. ၁ခါက အပေါ်ကသွားပါတယ်.. ၁ခါက အောက်ကသွားပါတယ်..

သတင်းထောက်။ ။ ဘာလို့ ခုံးတံတားကို အပေါ်က သွားလို့ရအောင်ဆောက်ထားပေးတာ ဘာလို့ အောက်ကသွားတာလဲရှန့်..

မဟာကြောင်။ ။ တံတားပေါ်မှာ ကားတွေ ပိတ်နေတာကိုး။ ဒါနဲ့ အောက်က သွားတော့ မြန်မြန်သွားလို့ရတယ်..

သတင်းထောက်။ ။ ဒါဆို ခုံးတံတားကြောင့် သွားလမ်းလာလမ်း အဆင်ပြေတယ်ပေါ့ရှန့်...

မဟာကြောင်။ ။ (အနည်းငယ်အသံမြှင့်လျက်) မပြေဘူးဟေ့ မပြေဘူး.. ခုံးတံတားဆုံးတာနဲ့ နာနတ်တောမှာ ၁ခါ၊ အ၀ိုင်းမှာ၁ခါ၊ မြေနီကုန်းမှာ ၁ခါ၊ အလုံလမ်းမှာ ၁ခါ၊ ၄ ခါတိတိ ကားတွေပိတ်နေပါတယ်.. အရင်တုန်းကမှ လှည်းတန်း၁ခုထဲပိတ်ပါတယ်.. အခု ၄နေရာပိတ်ပါတယ်.. ပြီးတော့ တံတားပေါ်မှာလည်း ကားတွေ ပိတ်နေပါတယ်.. တံတားမဆောက်ခင်တုန်းက အောက်မှာပိတ်နေတဲ့ကားတွေအားလုံး တံတားပေါ်မှာ ပိတ်နေပါတယ်.. ပြီးတော့ နောက်ထပ် အသစ် ၄နေရာထပ်ပိတ်ပါတယ်.. ဒါပေမယ့် တံတားကြီးကြောင့် ပိတ်တာ အဆင့်မြင့်သွားပါတယ်..

ခါတိုင်း အောက်မှာ ပိတ်နေတဲ့ကားတန်းကြီးက တံတားပေါ်မှာ အဆင့်မြင့်မြင့် ကားပိတ်ကြပါတယ်..

သတင်းထောက်။ ။ တိန် !!!

(အစမို့လို့နေမယ်ထင်တယ်၊ ကျနော်တို့ မြန်မာလူမျိုးတွေ သနားဖို့ကောင်းပါတယ်ဗျာ... ဒီလောက်နာမည်ကြီးတဲ့ တံတားကြီးဆိုတော့ အရင်ဆုံးဖြတ်ဖူးချင်ကြတာနဲ့ ဖြစ်တာနေမှာပါ၊ နောက်ဆိုရင်တော့ လျော့သွားမယ်ထင်ပါတယ်၊ နောက်ရန်ကုန်မှာ ပေါလာတဲ့ကားနဲ့ ကျပ်နှုန်းကတော့ ရွှေဂုံတိုင်ပြီးလဲ ပြေလည်ဦးမယ်မထင်ပါဘူး ဒီလိုပဲ သွားရမပေါ့ ဖြည်းဖြည်းချင်း)

(Traffic ထဲက ကြောင်)

ဓါတ်ပုံကာတွန်းကို ကာတွန်းATHထံမှာ ယူပါသည်။

No comments:

Post a Comment