Friday, April 19, 2013

ဖုန်းထဲကနေ မြန်မာအကြွေစေ့ ခေါင်းနဲ့ ပန်းလှန်ဖို့ ဆော့ဝဲလေးပါ




ဒီဆော့ဝဲလေးကတော့ ခေါင်းပန်းလှန်လေ့ရှိတဲ့သူများ  အပျင်းပြေ ကံစမ်းဖို့ အတွက်

အဆင်ပြေပါတယ်၊ ကျနော်က အကြွေစေ့လေးဆောင်ပီး ခဏခဏ ခေါင်းပန်လှန်ပီး

အဆုံးဖြတ်ယူလေ့ရှိတယ် ။ တစ်ခါတရံပေါ့  ဖုန်းဆက်ဖို့ ဆုံးဖြတ်ရခက်နေတာမျိုးဆို

ခေါင်းပန်းလှန်တယ်..ဆက်ရမယ်ဆို ခေါင်းကျ ၊ အဲ့မျိုးဆို တကယ်လိုက်နာဖြစ်ခဲ့တာ

ခေါင်းမကျရင် အဲ့နေ့ မဆက်တော့ဘူး ..ရူးတားပေါ့ ။ ခေါင်းနဲ့ ပန်းကို ရာခိုင်းနှုန်းနဲ့ 

တွက်ရင်  မြန်မာပြည်က အကြွေစေ့တွေမှာ ခေါင်းကျနိုင်တာက ၅၅% ရှိပါတယ်တဲ့

ဘာလို့ လည်းဆိုတော့ ခေါင်းဘက်က အနည်းငယ်ပိုလေးလို့  ဆိုပီး ဖတ်မှတ်လာခဲ့

ဖူးတယ် ။ ဟုတ် မဟုတ်တော့သေချာမသိပု ။ ဒီဆော့ဝဲကတော့  ခေါင်းနဲ့ ပန်းဟာ

အညီအမျှ ၅၀% ဆီ  အခွင့်ရေးရှိတယ်ပြောတာပဲ.။ .ဒီဆော့ဝဲလေးဖွင့် ပေါ်လာတဲ့

အကြွေစေ့လေးကို  လက်နဲ့ နှိပ်လိုက်ရင်  တကယ်အပြင်မှာမြှောက်သလိုပဲ အသံ

လေးနဲ့  လည်ပီးတက်သွားတယ် ၀ါသနာပါသူ ယူထည့်ပီး သုံးကြည်.................။

ဒီဆော့ဝဲ တင်ရမလား မတင်ရဘူးလား မြှောက်ကြည့်သေးတယ်... :)



Download - http://www66.zippyshare.com/ ခေါင်းပန်လှန်ဖို့ ဆော့ဝဲ

No comments:

Post a Comment