Friday, April 19, 2013

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူနှစ်ဦးသည် ညီအစ်ကိုများဖြစ်နေ

ဧပြီလ ၁၉ရက်နေ့၊ ၂၀၁၃ခုနှစ်

ဘော့စတွန်မြို့မှာ ဗုံးခွဲခဲ့သည့် သူနှစ်ဦးမှာ ညီအစ်ကိုများဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာ အမေရိကန်နိုင်ငံကို ပြီးခဲ့တဲ့ (၁)နှစ်လောက်က မှ ရောက်ရှိလာခဲ့တဲ့သူများဖြစ်ပါတယ်။

သူတို့ဟာ ရုရှားနိုင်ငံမှ ခွဲထွက်လာတဲ့ Chechnya Republic နိုင်ငံ က ဖြစ်ပါတယ်။

ညီအစ်ကိုနှစ်ဦး စလုံးဟာ Islam များဖြစ်ကြပြီး Cambridge Ringe & Latin School '11 ဘော့စတွန်မြို့ မှာ ကျောင်းတက်နေတဲ့ ကျောင်းသား များဖြစ်ပါတယ်။

ဘော်စတွန် ဝါတားတောင်းမြို့တွင် ရဲများမှာ တစ်အိမ်တက်ဆင်း ပိုက်စိတ်တိုက် ရှာဖွေလျှက်ရှိပြီး မြို့အ၀င်/အထွက်အားလုံး ပိတ်ပြီး စစ်ဆေးလျှက်ရှိပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားသူဟာ အစ်ကိုဖြစ်ပြီး အသက် (၂၆)နှစ် Tamerlan Tsarnaev ဆိုသူဖြစ်ပါတယ်။

လွတ်မြောက်နေသူ ညီဖြစ်သူဟာ အသက် (၁၉)နှစ်အရွယ် Dzhokhar Tsarnaev ဆိုသူဖြစ်ပါတယ်။

သေဆုံးသွားသူ Tamerlan Tsarnaev ၏ ယခင် Youtube တွင်တင်ထားသည့် Video အားကြည့်ရှုနိုင်ပါတယ်။

Click Here http://www.youtube.com/watch?v=0lgTvAMP2Ak

The Wall Street Journal

No comments:

Post a Comment