Friday, April 19, 2013

ဟာသ ၅

by U Kyaw Zay Ya

သူ့ရှိမှာ ငါရစရာ $ 800

မိန်းမ ဖြစ်သူက ရေချိုးခန်းထဲ မှ ထွက်လာပြီးနောက် ယောကျာင်္း ဖြစ်သူက
ရေချိုးခန်းတွင်းသို့ ရေချိုးရန် ၀င်လိုက်လေသည်။ ထိုအခိုက်
တံခါးခေါင်းလောင်း မည်လာလေသည်။ မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး
တဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်သို့ ခပ်လောလော
ပြေးဆင်းလိုက်သည်။ တံခါးဖွင့်ပေးလိုက်ရာ တဖက်အိမ်မှ "ဘောဘ့်" ဖြစ်နေသည်။
သူမ ဘာမှ မပြောရသေးခင် "ဘော့ဘ်" က ကျေးဇူးပြုပြီး တဘက်စောင်ကို
ဖယ်ပေးပါ.. $800 ပေးပါမယ် ဟုဆိုလေ၏။ သူမ ခဏမျှ မင်သက်သွားပြီး "ဘောဘ့်"
ရှေ့တွင် တဘက်စောင်ကို ဖယ်ပြပြီး ခတ္တ ရပ်နေလိုက်သည်။ စက္ကန့်
အနည်းငယ်ကြာပြီးနောက် "ဘောဘ့်" က $800 ကို ကမ်းပေးလိုက်ပြီး တိတ်ဆိတ်စွာ
ထွက်ခွာသွားသည်။ မိန်းမဖြစ်သူလည်း တဘက်စောင်ကို အမြန်ပြန်ဝတ်ကာ
အပေါ်ထပ်သို့ ပြန်တက်လာသည်။ ရေချိုခန်းနား အရောက်တွင် အထဲမှ
ယောင်္ကျားဖြစ်သူက "ဘယ်သူလဲ" ဟုမေး၏။ ဟိုဘက်အိမ်က "ဘောဘ့်" ပါ... သူမက
ပြန်ဖြေ၏။ ယောင်္ကျားဖြစ်သူက "အင်း... ကောင်းတယ်.. သူ့ဆီမှာ ငါ ရစရာ $800
ရှိတဲ့ အကြောင်း ပြောသေးလား?"
(ကူးယူတင်ပြသည်)

..............................
...............................................

by Arkar Ko Ko

‎"ချန်ပီယံ"

အိန္ဒိယ၊ဂျပန်နှင့်မြန်မာ သုံးနိုင်ငံ
အဆဲပြိုင်ပွဲကျင်းပ၏။

ပထမဆုံးအိန္ဒိယစင်ပေါ်တက်ဆဲ၏။
၁နာရီခန့်ကြာသွားသည်အထိကုလားဘာသာဖြင့်ဆဲနိုင်သဖြင့် ပရိတ်သတ်များတခဲနက်အားပေးကြ၏။

ဒုတိယဂျပန်တက်ဆဲပြန်၏။
၂နာရီကျော်အောင်မိုးမွှန်စွာဂျပန်ဘာသာဖြင့်အာရပါးရဆဲနိုင်သဖြင့်လက်ခုပ်သံများ
ကွင်းလုံးပြည့် ဆူညံသွားတော့၏။

နောက်ဆုံးမြန်မာ
ကြောက်ကြောက်လန့်လန့်ဖြင့်စင်ပေါ်တက်လာ၏။
ကြောက်ကြောက်နှင့်တက်လာရသည်ဖြစ်၍ ဆဲမည့်နေရာမရောက်ခင်
ခင်းထားသော ကော်ဇောအစဖြင့်ခလုတ်တိုက်လဲကျကာ ယောင်ပြီးမြန်မာဘာသာဖြင့်
ဆဲမိဆဲရာဆဲလိုက်မိရာ ၄နာရီနီးပါးကြာသွား၏။ ထို့နောက် ကုန်းရုန်းထလာကာ
ထိုင်လူကြီးအား အချိန်နောက်ကျမည်စိုးသည့်လေသံဖြင့်

" ဒိုင်လူကြီးခင်ဗျား ကျွန်တော် စဆဲလို့ရပြီလား ဟူ၏။"....:P

...................................................................................

U Kyaw Zay Ya

နားလေးသူမို့ပါ

” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”
” ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”

” ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့
ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။ သူက နားနည်းနည်းလေးလို့..

(ကူးယူတင်ပြသည်)

........................................................................................

by Naka Saki

‎" ပဟေဠိ တိတ်တိတ်ပုန်း"

ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ
ပင်လယ်ထဲသွားပြီးငါးသွားရှာကြတယ်။

အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။

ဖောက်ပြန်ပြီးတိုင်းလဲ ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။

ကြာလာတော့ ဖာသာ က မိန်းမတွေကို နောက်တစ်ခါလာဝန်ခံရင် "ခိုးစားတယ် မပြောဘဲ
ချော်လဲတယ် "လို့ပြောပါ။

"ချော်လဲလာတယ်လို့ပြောရင် ငါသိပြီလို့မှာလိုက်တယ်"

နောက်တော့ ဖာသာ အသက်ကြီးပြီး နောက်ဖာသာ အသစ်တစ်ယောက်
ပြောင်းတယ်။မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့
အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုတော့ ရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာ
အသစ်ရောက်တော့သူကြီးက အဲ့ဒီစကား အဓိပ္ပါယ်ကို ဖာသာ အသစ် ပြောပြဖို့
မေ့သွားခဲ့တယ်။

ရွာထဲက မိန်းမတွေက အရင်တိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာ
အသစ်ဆီသွားပြီးဝန်ခံကြတယ်။ချော်လဲသူတွေများနေတာကြောင့်ဖာသာက
သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏ ချော်လဲနေတာကြောင့် ရွာထဲက လမ်းတွေ
ပြုပြင်သင့်ကြောင်း ပြောပြတယ်။ဖာသာ စကားကိုကြားတော့သူကြီးက ထ
ရယ်တယ်။အားရပါးရ ရယ်နေတဲ့ သူကြီးကိုကြည့်ပြီး ဖာသာ နားမလည်စွာနဲ့
ထအော်တယ်။

"သူကြီး...ခင်ဗျား ဘာရယ်နေတာလဲ ...ဒီတစ်ပါတ်အတွင်း ခင်ဗျားမိန်းမ
ချော်လဲတာ ၃ ခါရှိပြီဗျ..ကျူပ်က စေတနာနဲ့ပြောတာ ခင်ဗျားက ဘာလို့
ရယ်နေရတာလဲ လို့" ဟူသတည်း။

.......................................................................

သင်္ချာဆရာ - A=B, B=C, A=C ဆိုတာကို ဆရာကို ဥပမာလေးနဲ့ပြောပြပါ..
Mr. Jugger - ဟုတ်ကဲ့ပါဆရာ...ဖြေပါ့မယ်ဆရာ...ကျွန်တော်က ဆရာ့ကိုချစ်တယ်...
                  ဆရာက ဆရာ့သမီးကိုချစ်တယ်ဆိုရင် ကျွန်တော်က ဆရာသမီးကို
ချစ်တယ်ဆိုတဲ့ သဘောအတိုင်းပါခင်ဗျား :D

........................................................................

.............အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ

No comments:

Post a Comment