Saturday, April 20, 2013

( ( ကဗျာ တွေ ငိုတဲ့နေ့ ( ည) ) )



သူ ပြောတဲ့ အချိန် က သုံးနာရီ

တစစ နဲ့ ကျော်လွန်

ဘုရားကြီး နာရီစင် နဲ့ ခိုလေးတွေက အစ

ငါ ကို ကြည့်ပြီ ရယ်နေပြီ။

အချိန် က လေးနာရီခွဲ

တရှဲရှဲ နဲ့ နှလုံးသား က

ချွေးသီးချွေးပေါက်များကြောင့်

မီးခိုး တလူတလူ နဲ့ အသံတွေတောင် မြည်ဟီးနေပြီ။

" နင် စိတ်ဆိုးလား တဲ့ "

အစ့်အင်

မဆိုးပါဘူး၊

ဒါပေမဲ့

မသေမချင်း အက် နဲ့ အထိုးခံနေရတဲ့

နှလုံးသား က ညည်းငြူနေတော့

ဝမ်းနည်းစွာ ငိုကြွေးမိတာပေါ့။

" အေးပေါ့လေ "


" ဘယ်တတ်နိုင်ပါမလဲ "


ကိုယ် ရုပ် ကိုယ် တောင် မှန်ထဲ ပြန်မကြည့်ရဲ့တဲ့ ငါ က

ရွှေမှုံတွေ စား ပေါက်ဖွားလာတဲ့


နတ်သမီး တစ်ပါး ကိုမှ

တမ်းတမ်းတ စွဲလန်းနေတော့လဲ

ကိုယ် အဆင့် ကိုယ် နားမလည် တဲ့ အသည်း

ကွဲတာတောင် နည်းသေးတယ်။

ဒီည့

အကွဲအပြဲများနဲ့ နှလုံးသား ကို

ရမ် တစ်ခွက် နဲ့ ဖာထေး (ဆေး) ရင်း

တိတ်ဆိတ်နေတဲ့ ည ရဲ့ အလည်

လွမ်းချင်း တွေ နဲ့ စီးချင်းထိုး

ကံဇာတာ ဘူဝင်နေတဲ့ နှလုံးသား

အရှိုက်တည့်တည့် အထိုးခံလိုက်ရ

နာလန် ထဖို့ ကြိုးစားပေမဲ့

တဖြေးဖြေး နဲ့

နှလုံးသား က အသက်တောင် ငင်နေတယ်။

ဝမ်းနည်းစွာ နဲ့ ငိုချင်း တွေ ချ

နှလုံးသားနာကျင်နေသမျှ

လက်တွေ က မှင်ရည်ထွတ်ရ

ရင်အိမ် တွေ ပြိုပြိုကျ

ဒီည့
ကဗျာ တွေ ငိုနေကြတယ်။

No comments:

Post a Comment